Tuesday, August 7, 2012

တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက်တွင် လူတစ်ဦး ကိုယ့်ကိုကိုယ် လည်ပင်းလှီး၍ သေဆုံး

0 comments
သြဂုတ်လ(၆)ရက်နေ့ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ခေတ္တာလမ်းအတွင်းရှိ နေအိမ်တိုက်ခန်းဌားတွင် အသက်(၄၅)နှစ်အရွယ် လူတစ်ဦးသည် မိမိကိုယ်ကိုယ် လည်ပင်းလှီး၍ သတ်သေသွားကြောင်း သိရှိရသည်။


ည(၇)နာရီခန့်တွင် အသက်(၄၅)နှစ်အရွယ် ရှမ်းအမျိုးသားကြီး ဦးမိုင်ဆမ်ဆိုသူသည် မိသားစုထမင်းဝိုင်းမှထ၍ အိမ်နောက်ဖက်ရှိ အိမ်သာထဲဝင်သွားရာ တော်တော်နဲ့မပေါ်လာ၍ အိမ်သားတစ်ဦးမှ သွားရောက်ကြည့်ရာ အိမ်သာထဲတွင် ၎င်းသည် လည်ပင်းတွင် အကျယ်(၃)လက်မခန့်ရှိသော ဒဏ်ရာဖြင့် သွေးအိုင်ထဲ လဲကျသေဆုံးနေသည်ကို တွေ့ရှိရ၍ သေဆုံးသူ၏ မိသားစုများမှ ရပ်ကွက်အုပ်ချုပ်ရေးရုံးမှ တဆင့် ရဲဌာနသို့ အသိပေးအကြောင်းကြားခဲ့ကြသည်။

သေဆုံးသူသည် တာလေမြို့နယ်ခွဲ၊ ကျိုင်းလပ်ဖက်မှဖြစ်ပြီး ကျန်းမာရေးအတွက် ဆေးကုသရန် မနေ့က မယ်ဆိုင်မြို့တွင် တစ်ညအိပ် သွားရောက်ခဲ့ပြီး ယနေ့တွင် တာချီလိတ်မြို့သို့ပြန်လာကာ ညပိုင်းတွင် ထမင်းစားနေရင်းထသွားကာ ကိုယ့်ကိုကိုယ် သတ်သေသွားသည်ဟုသိရှိရသည်။

သေဆုံးသူ၏ အလောင်းအား ရင်ခွဲရုံသို့ သယ်ဆောင်ရန်အတွက် မြို့နယ်ရဲစခန်းမှ အလင်းရောင်ပရဟိတအသင်းအား အကြောင်းကြားလာ၍ ၎င်းတို့ အသင်းအနေဖြင့် အလောင်းအား နေအိမ်မှ ဆေးရုံသို့ သွားရောက်ပို့ဆောင်ပေးခဲ့ကြသည်။
တာချီလိတ်အွန်လိုင်းစာမျက်နှာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here