Tuesday, August 7, 2012

တာချီလိတ် NLD မှ လွယ်စတုံရွာ မူလတန်းကျောင်းရှိ ကျောင်းသား ကျောင်းသူများအား စာရေးကိရိယာများ လှူဒါန်း

0 comments
တာချီလိတ်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်များသည် တာချီလိတ်မြို့နယ်၊ လွယ်စီတုံရွာ အခြေခံပညာမှုလတန်းကျောင်းသို့ သွားရောက်၍ စာအုပ်၊ ဘောပင်၊ ခဲတံ၊ ပေတံ၊ ခဲဖျက်နှင့် မုန့် များကို ကျောင်းသား ကျောင်းသူ ( ၁၃၅ )ဦးအား ယနေ့(၇.၈.၂၀၁၂)တွင် ပညာဒါနပြုခဲ့ကြောင်း သတင်းရရှိသည်။



တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင်များသည် (၇.၈.၂၀၁၂)ရက်နေ့ နံနက်(၉း၄၅)အချိန်တွင် တာချီလိတ်မြို့နယ်၊ လွယ်စီတုံကျေးရွာ အခြေခံပညာမူလတန်း ကျောင်းသို့ သွားရောက်ကြပြီး မူလတန်းကျောင်းသား စုစုပေါင်း (၁၃၅)ဦးအတွက် ဗလာစာအုပ်၊ ခဲတံ၊ ပေတံ၊ ခဲဖျက်များကို ပညာရေးအလှူဒါနပြုလုပ်ဆောင်ရွက်ခဲ့ကြရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှမ်းပြည်နယ် ညီလာခံကျင်းပရေး ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးစိုင်းဝင်းမြင့်(ကျိုင်းတုံ)၊ ဦးဘခင်(တာချီလိတ်) နှင့် ပါတီဝင်(၁၈)ဦး ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

တာချီလိတ်အွန်လိုင်းစာမျက်နှာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here