Saturday, August 11, 2012

မန်တုံမြို့ ရဲ စခန်း နှင့် တယ်လီဖုန်းရုံးတိုက်ခိုက်ခံရ တိုက်ပွဲများဆက်တိုက်ဖြစ်ပွား

0 comments
သျှမ်းပြည်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်ရှိ မြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့ ရဲစခန်းအား လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က ၀င်ရောက်တိုက်ခိုက်ရာ အနီးရှိတယ်လီဖုန်းရုံးပါ တိုက်ခိုက်ခံရ ကြောင်းဒေသခံများက ပြောပါသည်။
Polic_station
“၇ ရက်နေ့ မနက် ၄ နာရီလောက်က ရဲစခန်းကိုလာတိုက်တာ။ ကျနော်တို့ ကြားရတာက မိုးမိတ် ဘက်လှုပ် ရှားတဲ့ ကချင်တပ်ဖွဲ့ တပ်ရင်း ၃၄ က လို့ပြောတယ်။ ရဲ စခန်းကကော ကချင်ဘက်ကကော သေကျေဒဏ်ရာ ရတယ်လို့မကြားမိဘူး၊ တယ်လီဖုန်းရုံးတော့ လက်ပစ်ဗုံး၊ လက်နက်ကြီးကျည်ထိလို့ တော်တော် ပျက်စီးသွား တယ်” - ဟု မန်တုံမြို့ခံတဦးက ပြောပါသည်။

ဩဂတ်စ် ၇ ရက် ည ၈ နာရီ၌ မန်တုံရှိ ခလရ ၁၃၀ က ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) ရှိသည် ထင်သည့် ဘက် အား လိုက်လံ၍ လက်နက်ကြီး ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း၊ သေကျေဒဏ်ရာရ စာရင်းမသိရ သော်လည်း ဩဂတ်စ် ၈ နံနက် ၈ နာရီ အချိန် နမ့်ဟိုင်းကျေးရွာအုပ်စုဈေး၌ အစိုးရ၏ ခမရ ၃၂၄ အား ထပ်မံ တိုက်ပွဲဖြစ်ရာ အစိုးရဘက် ၂ ယောက်သေ တစ်ယောက်ဒဏ်ရာရရှိကြောင်း၊ ထို့အတူ ကချင်လွတ်မြောက်ရေး တပ်ဘက်ကလည်း တယောက်သေဆုံးကြောင်း နမ့်ဟိုင်း ဒေသခံတဦးများက ပြောပါသည်။

“ကျနော်တို့ ဒေဘက်ကနေလို့မကောင်းတော့ဘူး၊ လက်နက်ကိုင်တပ်ဖွဲ့တွေကများတော့ မြန်မာတပ်က တော နင်းလိုက်ရှာတယ်။ တိုက်ပွဲမကြာခဏ ဖြစ်တယ်။ ကချင်ကော သျှမ်းကော ပလောင် (တအာင်း) ကော ရှိတယ်။ တခြားမသိတဲ့ ဘာသာစကားတောင် ပြောသေးတယ်၊ အသံက ဝ စကားလိုလိုဘဲ၊ တခါတလေ တရုတ်လိုလဲ ပြောသံကြားတယ်” - ဟု မိုးမိတ်၊ ကျောက်မဲ၊ မန်တုံ၊ နမ္မတူဒေသဘက် သွားလာသည့်ူဒေသခံတဦးကပြောပါ သည်။

ထို့အတူ ပြီးခဲ့သည့် အပတ်တွင်းကလည်း လားရှိုးမြို့အထွက် ဟိုပိတ် ကျေးရွာအုပ်စုအလွန် သိန္နီမြို့ဘက်ဦး တည်သွားသည့် မြန်မာအစိုးရတပ် ခမရ ၅၀၆ ယာဉ်တန်းအား ကချင်လွတ်မြောက်ရေးတပ်နှင့် တခြား ပူးပေါင်း လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့သောကြောင့် မြန်မာစစ်တပ်ဘက် စစ်ဗိုလ်တဦး အပါအဝင် သုံးဦးသေဆုံးသွားသည်ဟု လားရှိုးမြို့ပေါ်ရောက် ဒေသခံ တဦးကပြောပါသည်။

ref; ရှမ်းသံတော်ဆင့်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here