Saturday, August 11, 2012

Google က လျော်ကြေး ဒေါ်လာ ၂၂.၅ သန်းပေးလိုက်ရ

0 comments

Google သည် Apple ၏ Safari browser အင်တာနက်သုံးစွဲသူတို့၏ အသုံးပြုမှုမှတ်တမ်းများအား privacy ပိုင်းဆိုင်ရာတွေကို ချိုးဖောက်တဲ့အတွက် အမေရိကန် ကုန်သွယ်ရေး ကော်မရှင်ဖြစ်တဲ့ Federal Trade Commission(FTC)ကနေ အမေရိကန်ဒေါ်လာ ၂၂.၅ သန်းပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ပါတယ်။

google ကုမ္မဏီဟာ အင်တာနက် အသုံးပြုသူတို့ရဲ့ ကိုယ်ပိုင် လွတ်လပ်မှုတွေကို နှောင့်ယှက်မှု ပြုလုပ်ခဲ့တဲ့ အတွက် ယခုလို ဒဏ်ကြေးပေးဆောင်ခဲ့ရတာကို August ၉ ရက်နေ့ AP သတင်းမှဖော်ပြထားပါတယ်။



Apple ရဲ့ Safari browers အသုံးပြုသူများ၏ ပုဂ္ဂလိက လွတ်လပ်ခွင့် အတွက် ချိုးဖောက်မှု မလုပ်တော့ ကြောင်း ကတိ ဝန်ခံချက်ပေးထားသော်လည်း Google ကုမ္ပဏီမှာ ၄င်းလုပ်ရပ်ကို ထပ်မံ လုပ်ဆောင် လိုက်သဖြင့် အမေရိကန် ကုန်သွယ်ရေး ကော်မရှင် FTC မှ ဒဏ်ကြေး ပေးဆောင်စေရန် အမိန့် ချမှတ်ခဲ့တာ လဲ ဖြစ်ပါတယ်တဲ့။

FTC မှ ပြောရာ Google ကုမ္မဏီမှာ ပြီးခဲ့တဲ့၂၀၁၁ခုနှစ် အောက်တိုဘာလက Safari အသုံးပြုသူများရဲ့ cookie များကို ခြေရာခံပြီ ကြော်ငြာများ ပေးနိုင်ရန် မလုပ်ဆောင်တော့ကြောင်း ကတိပြုခဲ့သော်လည်း ယခုတွင် ထပ်မံ ချိုးဖောက်မှု တွေပြုလုပ်ခြင်းကြောင့် ဒဏ်ကြေး ပေးဆောင်စေရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်တယ်လို့ FTC မှာပြောကြား သွားခဲ့ပါတယ်။

၂၀၁၁ မှ ၂၀၁၂ ခုနှစ် အကြားတွင် လအတော်ကြာအောင် ကြော်ငြာများ အတွက် cookie များကို ခြေရာခံတဲ့ လုပ်ရပ်များ ကို လုပ်ဆောင်ခဲ့တဲ့အတွက် ယခုလို အပြစ်ပေးလိုက်ရခြင်းဖြစ်ပါတယ်တဲ့။ ယခုလို ဖြစ်ရပ်အတွက် ကုမ္ပဏီများမှာ မည်မျှ သေးငယ်သည် ဖြစ်စေ မည်မျှကြီးတာဘဲ ဖြစ်စေ FTC မှ ချမှတ်ထားတဲ့ စည်းမျဉ်းများကို လိုက်နာကြ ရမှာ ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here