Monday, September 10, 2012

အမေရိကန် နိုင်ငံသို့ လွှတ်တော် လုပ်ငန်းများ လေ့လာရန် လွှတ်တော် ကိုယ်စားလှယ် အဖွဲ့ ထွက်ခွာ

0 comments

စက်တင်ဘာ ၁၀ ၊ ၂၀၁၂

အမေရိကန် အထက် လွှတ်တော် အမတ် Senator Jim Webb နှင့် Senator James M. Inhofe တို့၏ ဖိတ်ကြားချက် အရ အမေရိကန် လွှတ်တော်၏ လုပ်ငန်း မျာ
းကို လေ့လာရန် ပြည်သူ့ လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ် ခေါင်းဆောင် သော ကိုယ်စားလှယ် အဖွဲ့ဝင် ၈ ဦးတို့ သည် စက်တင်ဘာ ၈ ရက် နံနက် ၉ နာရီ မိနစ် ၅ဝ က ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ အမေရိကန် နိုင်ငံသို့ ထွက်ခွာ ခဲ့သည်။

လေ့လာရေး ခရီးစဉ်တွင် အဖွဲ့ဝင်များ အဖြစ် ပြည်သူ့ လွှတ်တော် ဥပဒေကြမ်း ကော်မတီ အဖွဲ့ဝင် ဦးစတီဖန်၊ ပြည်သူ့ လွှတ်တော် ပြည်သူ့ ငွေစာရင်း ကော်မတီ အတွင်းရေးမှူး ဦးမောင်တိုး၊ အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသော ဦးတင်မြနှင့် ဗိုလ်မှူးကြီး လှထွန်း၊ ပြည်သူ့ လွှတ်တော် တရား ဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ်အေး ချမ်းရေး ကော်မတီ အဖွဲ့ဝင် ဒေါက်တာ ဇော်မြင့်မောင်၊ အမျိုးသား လွှတ်တော် ပြည်သူ့ ငွေစာရင်း ကော်မတီ အဖွဲ့ဝင် ဦးစတီဗင် သာဘိတ် နှင့် အမျိုးသား လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက် များ စိစစ်ရေး ကော်မတီ အဖွဲ့ဝင် ဦးထွန်းကျော်(ခ) ဦးအိုက်ကျော် တို့ လိုက်ပါသွားခဲ့ကြသည်။

www.myawady.net.mm


Photo: အမေရိကန် နိုင်ငံသို့ လွှတ်တော် လုပ်ငန်းများ လေ့လာရန် လွှတ်တော် ကိုယ်စားလှယ် အဖွဲ့ ထွက်ခွာ

စက်တင်ဘာ ၁၀ ၊ ၂၀၁၂

အမေရိကန် အထက် လွှတ်တော် အမတ် Senator Jim Webb နှင့် Senator  James  M.  Inhofe တို့၏ ဖိတ်ကြားချက် အရ အမေရိကန် လွှတ်တော်၏ လုပ်ငန်း များကို လေ့လာရန် ပြည်သူ့ လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ် ခေါင်းဆောင် သော ကိုယ်စားလှယ် အဖွဲ့ဝင် ၈ ဦးတို့ သည် စက်တင်ဘာ ၈ ရက် နံနက် ၉ နာရီ မိနစ် ၅ဝ က ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ အမေရိကန် နိုင်ငံသို့ ထွက်ခွာ ခဲ့သည်။

လေ့လာရေး ခရီးစဉ်တွင် အဖွဲ့ဝင်များ အဖြစ်  ပြည်သူ့ လွှတ်တော် ဥပဒေကြမ်း ကော်မတီ အဖွဲ့ဝင် ဦးစတီဖန်၊ ပြည်သူ့ လွှတ်တော် ပြည်သူ့ ငွေစာရင်း ကော်မတီ အတွင်းရေးမှူး ဦးမောင်တိုး၊ အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသော ဦးတင်မြနှင့် ဗိုလ်မှူးကြီး လှထွန်း၊ ပြည်သူ့ လွှတ်တော် တရား ဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ်အေး ချမ်းရေး ကော်မတီ အဖွဲ့ဝင် ဒေါက်တာ ဇော်မြင့်မောင်၊ အမျိုးသား လွှတ်တော် ပြည်သူ့ ငွေစာရင်း ကော်မတီ အဖွဲ့ဝင် ဦးစတီဗင် သာဘိတ် နှင့် အမျိုးသား လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက် များ စိစစ်ရေး ကော်မတီ အဖွဲ့ဝင် ဦးထွန်းကျော်(ခ) ဦးအိုက်ကျော် တို့ လိုက်ပါသွားခဲ့ကြသည်။

www.myawady.net.mm

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here