Wednesday, September 19, 2012

မိုဘိုင်းဖုန်း လျှောက်ထားသုံးစွဲမှု နယ်မြေကန့်သတ်ချက် ပယ်ဖျက်တော့မည်

0 comments
ရန်ကုန်၊ စက်တင်ဘာ ၁၅
နယ်မြေကန့်သတ်ချက်ဖြင့် လုပ်ကိုင်ဆောင်ရွက်ရသည့် မိုဘိုင်းဖုန်း လျှောက်ထားသုံးစွဲမှုများအား ပယ်ဖျက်တော့မည်ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
ယခင်က မိုဘိုင်းဖုန်းများ လျှောက်ထားခြင်း၊ သုံးစွဲခြင်း၊ကတ် ပျက်စီးခြင်း၊ ကတ်ပျောက်ဆုံးခြင်း များနှင့် အင်တာနက်လျှောက် ထား သည့် ကိစ္စများကို သက်ဆိုင်ရာပြည် နယ်သို့မဟုတ် တိုင်းဒေသကြီးများ အတွင်းသာ လုပ် ကိုင် ဆောင်ရွက်ရပြီး နယ်ကျော်လျှောက် ထား မှုများအား ခွင့်မပြုခဲ့ကြောင်း သိရသည်။
”အရင်တုန်းက ဒီလို ကန့်သတ်ထားတဲ့အတွက် ဖုန်းသုံးတဲ့သူတွေ အဆင်မပြေကြပါဘူး။ ဒါကြောင့် ကျွန်တော်တို့ ဆက်သွယ်ရေးဝန်ကြီးက ဒီကန့်သတ်ချက်တွေ အားလုံး ပယ်ဖျက်ပေးဖို့ သက်ဆိုင်ရာ အင်ဂျင်နီယာချုပ်တွေကို မှာကြားထားပါတယ်။ မကြာခင်ကာလမှာ ဖုန်းသုံးစွဲသူတွေ နီးစပ်ရာ ဆက်သွယ်ရေးစခန်းတွေမှာ ဖုန်းနဲ့ ပတ်သက်တဲ့ ကိစ္စတွေ ဆောင်ရွက်နိုင်မှာပါ” ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်တစ်ဦး က ပြောသည်။
လက်ရှိတွင် ဖုန်းသုံးစွဲသူအချို့ ဖြစ်ပွားနေသည့် ပြဿနာများဖြစ်သည့် နယ်ကျော်ဖုန်းသုံးစွဲမှု ပိတ်ပင်ထားသည့် ကိစ္စများအား လုပ်ဆောင်aပးနေပြီဖြစ်၍ မည်သည့်ဖုန်း အမျိုး အစားမဆို နယ်မြေကန့် သတ်ချက် မရှိဘဲ လွယ်လင့်တကူ သယ်ဆောင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။
”အရင်က ဖုန်းတွေ ကန့်သတ်ထားတယ်ဆိုတာက ဘယ်မြို့မှာ ဖုန်းဘယ်နှလုံး ရောင်းရတယ်။ ဘယ်မြို့က ရောင်းအား ကောင်းတယ် ဆိုတာ သိချင်တဲ့အတွက် လုပ်ဆောင်တာပါ။ ဒါကို တချို့က နယ်ဖုန်းတွေ ရန်ကုန် ယူရောင်းတယ်။ ဒီတော့ ရန်ကုန်လိုaနရာမှာ ဖုန်းသုံးစွဲမှု ဖောင်းပွပြီး လိုင်းတွေကျပ်မှာ စိုးတဲ့အတွက် ဆောင် ရွက်ရတာပါ။ ဒါပေမဲ့ ဆက် သွယ်ရေးကို အကြောင်းကြားထားရင် လိုင်းဖွင့်ပေးပါတယ်” ဟု ၄င်းက ဆက်ပြောသည်။
လက်ရှိတွင် မြန်မာ့ဆက်သွယ်aရး လုပ်ငန်းအနေဖြင့် နယ်ကျော် ဖုန်းသုံးစွဲမှုအပြင် ဖုန်းကတ်ပျက်ခြင်းအား ယခင် ကျပ်ငါးသောင်းနှုန်း ကောက်ခံရာမှ အခမဲ့ နေ့ချင်း ပြီး ဆောင်ရွက်ပေးခဲ့ပြီး ဖုန်းပျောက်ဆုံးမှုကိုမူ ကျပ်ငါးသောင်းမှ ကျပ်နှစ်သောင်း သို့ လျှော့ချပေးသည်။ ယင်းအပြင် အင်တာနက် လျှောက်ထားမှုကိုလည်း ကျပ် သုံးသောင်းမှ ကျပ်တစ်သောင်း လျှော့ချပေးခဲ့ပြီး ယနေ့အချိန် အင်တာနက် လျှောက်ထားမှုကို မည်သည့်နေရာမဆို ခွင့်ပြုပေးထားကြောင်း ဆက်သွယ်ရေးမှ သိရသည်။
အောင်ဇော်
ref: PNews

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here