Apple ကုမ္ပဏီ၏ နောက်ဆုံးထုတ်ကုန် iPhone 5 အား စက်တင်ဘာလ ၁၄ ရက်တွင် အွန်လိုင်းမှကြိုတင် မှာယူထားသူများအား ရောင်းချပေးမည်ဟု ကြေညာထား သော်လည်း ကြိုတင်မှာယူသူ အလွန်များပြား နေသဖြင့် အချိန်မီ ရောင်းချပေးနိုင်ခြင်း မရှိဘဲ ရက်ရွှေ့ဆိုင်းလိုက်ရသည်။ iPhone 5 အားApple, Verizon, Sprint နှင့် AT & T ဝက်ဘ်ဆိုက်မှ ကြိုတင်မှာယူထား သူများအား သတ်မှတ်ကြော်ငြာ ထားသည့်ရက်တွင် ရောင်းချပေး နိုင်ခြင်းမရှိဘဲ စက်တင်ဘာလ ၂၁ ရက်သို့ရွှေ့ဆိုင်းလိုက် ရပြီး အကြောင်း ရင်းမှာ အွန်လိုင်းမှ ကြိုတင်မှာယူသူ အရေအတွက်မှာ ထင်မှတ်သည် ထက်များပြားနေခြင်း ကြောင့်ဟု သိရသည်။ အွန်လိုင်းမှ ကြိုတင်မှာယူသူ အရေ အတွက်ကို အတိအကျမထုတ် ပြန်ထားသော်လည်း Verizon ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ”အ ခုလို ရက်ရွှေ့လိုက်ရတာဟာ iPhone 5 ကို တကယ် မျှော်လင့် နေကြတဲ့လူတွေက ကြိုတင်မှာယူ မှုတွေကြောင့်ပါ”ဟု CNN သတင်း ဌာနသို့ ပြောသည်။ ယခုကဲ့သို့ ရက်ရွှေ့ဆိုင်းခြင်း ကြောင့် iPhone 5 အား လက်ဝယ် ကိုင်ဆောင် ရန် စိတ်အားထက်သန် နေသည့် ပရိသတ်များမှာ စိတ်ပျက် နေကြပြီး အချို့မှာ စတင်ရောင်းချ ပေးမည်ဟု ကြော်ငြာထားသည့် စက်တင်ဘာ ၁၄ ရက်ညတွင် အရောင်း ဆိုင်အပြင်ဘက်၌ ညလုံး ပေါက်ထိုင်စောင့်နေသူများပင် ရှိ သည်ဟု သိရသည်။ ထို့အတူ Apple ကုမ္ပဏီ၏ အဓိကပြိုင်ဘက် Samsung ကုမ္ပဏီကိုလည်း ၄င်းတို့၏ နောက်ဆုံး ထုတ်ကုန် Galaxy S4အား ၂ဝ၁၃ ခုနှစ်ဖေဖော်ဝါရီလတွင် စပိန်နိုင်ငံ ဘာစီလိုနာမြို့၌ ကျင်းပမည့် Mobile World Congress တွင် မိတ်ဆက် ရောင်း ချသွားမည်ဟု စက်တင်ဘာ ၁၇ ရက်က ထုတ်ပြန် ကြေညာထားသည်။
PN-055 Ref: CNN