Monday, September 10, 2012

ရုရှားနှင့်အမေရိကန် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်များ လက်မှတ်ရေးထိုး

0 comments
 (ဗလာဒီဗော့စတော့ခ် စက်တင်ဘာ ၉)
ရုရှားနှင့် အမေ ရိကန် နိုင်ငံ တို့သည် စက်တင်ဘာ ၈ ရက်က APEC ထိပ်သီး အစည်း အဝေးပွဲ  သီးခြား တွေ့ဆုံ ဆွေးနွေးပွဲ တစ်ခုတွင် နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်ရေး သဘောတူ စာချုပ်များ ကို  လက်မှတ် ရေးထိုး ခဲ့ကြကြောင်း သိရသည်။

သဘောတူ စာချုပ် များကို ရုရှား နိုင်ငံ ခြားရေး ဝန်ကြီး ဆာဂျီ လက်ဗ်ရော့ နှင့် အမေ ရိကန် နိုင်ငံ ခြားရေး ဝန် ကြီး ဟီလာရီ ကလင်တန် တို့က လက်မှတ် ရေးထိုး ခဲ့ကြပြီး  စာချုပ်များ ၌ အန္တာတိတ် ဒေသ အတွင်း နှစ် နိုင်ငံ ကြား ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ အပြင် ရုရှားနှင့် အမေရိကန် နှစ် နိုင်ငံကြား ဒေသ အချင်းချင်း ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ပူးတွဲ ကြေညာ ချက်နှင့်  ဘဲရင်း ရေလက် ကြားအတွင်း ပူးပေါင်း ဆောင်ရွက်ရေး ထုတ်ပြန် ချက်များ ပါဝင်သည်။

ထို့အပြင် နှစ်နိုင်ငံ အကြား ပြည်ဝင် ခွင့်စနစ် တင်းကျပ်မှု များအား လျှော့ချ ရန် သဘော တူညီချက် များလည်း ပါဝင် ကြောင်း ကလင်တန်က  ကြေညာ ခဲ့သည်။ အဆိုပါ သဘော တူညီ ချက်များ သည် စက်တင်ဘာ ၉ ရက် မှ စတင်၍ အသက် ဝင်လာမည် ဖြစ်ကြောင်း သိရ သည်။
ref: MWD

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here