နိုင်ငံတော် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများ အဖြစ်သို့ ပြုပြင်ပြောင်းလဲစေရန်အတွက်လည်းကောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံအချင်းချင်းမိတ် ၀တ်မပျက်ဆက်ဆံရေး၊ချစ်ကြည်ရေးတို့အတွက်လည်းကောင်း၊ ရည်ရွယ်၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ၂၀၄(က)နှင့်အညီ အကျဉ်းထောင်အသီးသီးမှ
အကျဉ်းသားများဖြစ်ကြသည့် နိုင်ငံခြားသား အကျဉ်းသားများ အပါအ၀င် စုစုပေါင်းအကျဉ်းသား (၅၁၄)ဦးတို့အား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁(၁)အရ မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊ တော်သလင်းလဆန်း (၂)ရက်နေ့ (ခရစ်နှစ် ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ ၁၇ရက်နေ့)မှစ၍ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ကြောင်း သိရှိ ရပါသည်။လတ်တလော သတင်းများ အရ နိုင်ငံရေးပဋိပက္ခကြောင့်ဟု ဆိုနိုင်သော ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များ၊အကောက်ခွန်အရာ ရှိများ(နှစ်ရှည်ထောင်ဒဏ်) မည် သည့်အတွက်ကြောင့် မပါဝင် သေးကြောင်း ပြည်သူများနှင့် မိသားစုများအကြား ဝေဖန်လျက် ရှိ သည်။ အဆိုပါလွတ်ငြိမ်းချမ်း သာခွင့်နှင့်ပတ်သက်၍ ပထမဆုံး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်အား သဘောထား မှတ်ချက် မေးမြန်းကြည့်ခဲ့ရာ-
မေး- ဦးသိန်းညွှန့် အနေနဲ့ ယနေ့ထောင်အသီးသီးမှအကျဉ်း သားများလွတ်မြောက်လာခြင်း အပေါ်ထင်မြင်ချက်လေးပြောပြ ပေးပါ။
ဖြေ- ဒီနေ့ အကျဉ်းသား(၅၀၀) ကျော် လွတ်တဲ့အတွက် ထောင် တံခါးဖွင့်တဲ့အတွက် ကျွန်တော် တို့က ပိုပြီးတော့ဝမ်းမြောက်ပါ တယ်။ ကျွန်တော်က ဘာဖြစ်လို့ ပိုပြီးတော့ ၀မ်းမြောက်သလဲဆို တော့ ပြည်သူ့လွှတ်တော် ပထမ အကြိမ်ဒုတိယပုံမှန်အစည်းအဝေး မှာအထွေထွေလွတ်ငြိမ်းချမ်းသာ ခွင့်အဆိုကိုကျွန်တော်တင်ခဲ့တယ် လေ။အခါအခွင့်သင့်တိုင်းလည်း အကျဉ်းသားတွေ လွှတ်ဖို့ လွှတ် တော်မှာတင်ပြခဲ့တာခင်ဗျားသိတဲ့ အတိုင်းပဲလေ။ တစ်နေ့က ကိုမိုး သီးဇွန်တို့နဲ့တွေ့တော့ ကျွန်တော် ပြောတယ်။ကျွန်တော်တို့လည်းပဲ ပြန်လည်ထူထောင်ရေးအတွက် သင်ပုန်းချေရေးအတွက်ဆောင်ရွက် ကြဖို့နဲ့အထွေထွေလွတ်ငြိမ်းချမ်း သာခွင့်ကို လွှတ်တော်တစ်ခုခုမှာ တင်ဖို့အတွက် ကျွန်တော်စဉ်း စားထားတယ် ဆိုတဲ့အကြောင်း သူ့ကိုပြောပြခဲ့တယ်။ အဲဒီလိုပြော ပြပြီးတဲ့နောက်ပိုင်းမှာ အင်းစိန် ထောင်ကနေအကျဉ်းသား(၅၀၀) ကျော်လွတ်လာတယ်ဆိုတော့ကျန် တဲ့ထောင်တွေလည်း လွှတ်မှာပါ။ ကျွန်တော်တို့ နိုင်ငံမှာ ရှိတဲ့ အကျဉ်း သားတွေ မိဘရင်ခွင်နဲ့ မိသားစုရင်ခွင်တွေဆီ ပြန်ရောက် သွားတဲ့အခါမှာ ဒီလိုအကျဉ်းကျ ခဲ့တာကို သင်ခန်းစာယူပြီးတော့ ကိုယ့်တိုင်းပြည်အနာဂတ်အတွက် လွတ်လာတဲ့လူတွေဟာ ပူးပေါင်း ဆောင်ရွက်လာဖို့ကို မျှော်လင့် ကြောင်းပြောရင်းနဲ့ ကျွန်တော့် ထင်မြင်ချက်ကို ဒီလောက်ပဲပြော ပါရစေ။
မေး- အဘတို့ ပြည်သူ့လွှတ် တော်အနေနဲ့ကြိုတင်ပြီးအကျဉ်း သားလွတ်ငြိမ်းချမ်းသာခွင့်ပေး လွှာကိုသိရှိထားခြင်းရှိပါသလား ခင်ဗျာ။
ဖြေ- မရှိပါဘူး။ဒါပေမဲ့ သမ္မတ ကြီးကုလသမဂ်္ဂကိုသွားမယ့်အချိန် မှာ အခုလိုမျိုး အကျဉ်းသားတွေ ကို ထပ်မံလွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းဟာ ဘာပြောပြော ကျွန်တော်တို့ဘက်ကတာဝန်ကျေ တာပေါ့။အမေရိကန်အပါအ၀င် ဥရောပနိုင်ငံတွေအနေနဲ့ကတော့ စီးပွားရေးပိတ်ဆို့ထားတာကိုလုံးဝ ပြန်လည် ဖွင့်လှစ်ပေးဖို့ အချိန် ရောက်ပြီလို့ ဒီသတင်းပေါ်မှာ အခြေခံပြီး ပြောပါရစေ။
အဆိုပါ နိုင်ငံရေးအကျဉ်း သားဟောင်းများလွတ်မြောက်လာ မှုနှင့် ပတ်သက်၍ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်ကိုမင်း ကိုနိုင်က““အခုလို လွှတ်ပေးသင့် တာ ကြာပါပြီ။ ထောင်ထဲမှာ ဆယ်စုနှစ်တွေ ကြာတဲ့အထိ နေ ခဲ့ကြရတဲ့ ဘ၀တွေအများကြီးရှိပါ တယ်။ ဦးရွှေထူးဆိုရင် (၁၅)နှစ်နီး ပါးရှိပြီ။ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်တော် ပြန်လာတဲ့ သူတွေကို တောင်လက်ခံနေပြီဆိုတဲ့အချိန်မှာ ပုဒ်မတွေ အမျိုးမျိုးနဲ့ အစွပ်စွဲခံ ခဲ့ရပြီး မတရားဖမ်းဆီးခံခဲ့ရတဲ့သူ တွေထောင်ထဲမှာ မရှိသင့်ပါဘူး။ အခုလို လွှတ်ပေးခြင်းဟာ နိုင်ငံ တကာမှာ မျက်နှာပန်းလှမယ့် ကိစ္စပါ။ ကျွန်တော်တို့ အနေနဲ့ ဘယ်လောက်ကျန်သေးတယ်ဆို တာကိုတော့ စနစ်တကျ သတင်း ပေးတယ်ဆိုတဲ့သတင်းအပေါ်မှာ ကိုထွန်းအောင်ကျော်ရဲ့သဘော ထားကို သိရှိလိုပါတယ်။
ဒီလိုနိုင်ငံရေး အကျဉ်းသား တွေအပြင်နှစ်ရှည် အပြစ်ဒဏ်ကို အပြင်းအထန်ကျခံထားရတဲ့စီးပွား ရေးနဲ့ကျတဲ့သူတွေ၊ ရာဇ၀တ်မှုနဲ့ ကျတဲ့သူတွေကိုလည်းအပြစ်ဒဏ် လျော့ပေါ့ပေးပြီး လွတ်ချိန်တန် ရင်လွှတ်ဖို့ စရှင်းရှင်းပြောရရင် သုံးပုံနှစ်ပုံလျော့ပေါ့ လွတ်မြောက် ဖို့ပဲ နိုင်ငံရေးအကျဉ်းသားဆိုတာ တိုင်းပြည် တစ်ပြည်မှာ မရှိသင့် ရေးအတွက်ကျွန်တော်တို့ လိုချင် ပါတယ်။ ဒါကြောင့်မို့ စနစ်နဲ့သား ကောင်ဖြစ်နေတဲ့လူကောင်းကနေ လူဆိုးဘ၀ကိုတွန်းပို့တဲ့စနစ်ကြောင့် ဖြစ်လာတဲ့လူတွေကိုလည်းအပြစ် ဒဏ်ကလျော့ပေါ့ဖို့၊ လွှတ်ပေးဖို့ စဉ်းစားသင့်တယ်လို့ ပြောချင်ပါ တယ်။
မိုးသီးဇွန် (အမိမြေ ငြိမ်းချမ်း ရေး ဖော်ဆောင်ရေး အဖွဲ့ ABSDF ဒုတိယမြောက်ဥက္ကဋ္ဌ)
ဟုတ်ကဲ့ ကျွန်တော်တို့ အခု လို အကျဉ်းသားတွေ ပြန်လည် လွတ်မြောက်လာတဲ့အတွက် ၀မ်း သာပါတယ်။ နိုင်ငံရေး အကျဉ်း သားဘယ်နှစ်ယောက်ပါလဲတော့ မသိ ဘူးပေါ့ဗျာ။ဒါပေမဲ့ ရာဇ၀တ် အကျဉ်းသားတွေရော၊ နိုင်ငံရေး အကျဉ်းသားတွေရော လွတ်လာ တာကိုဝမ်းသာပါတယ်။ အခုလို မျိုးပြန်လည်လွှတ်ပေးတဲ့အတွက် လည်း သက်ဆိုင်ရာ အာဏာပိုင် အစိုးရကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။
စက်တင်ဘာ (၁၇)ရက်နေ့ မန္တလေး၊ အိုးဘိုထောင်မှ လွတ် မြောက်သူများတွင်၂၀၀၃ကျောက် ဆည်အရေးအခင်းမှာဖမ်းထားတဲ့ သံဃာ(၂၂)ပါး၊ လူ(၂၄)ယောက်၊ ဖောက်ခွဲရေးမှုဖြင့် ဖမ်းထားသူ (၃)ဦးတို့ပါဝင်ကြောင်းသိရသည်။
အင်းစိန်ထောင်မှ လွတ် မြောက်သူ(၁၁)ဦးထဲတွင် နိုင်ငံ ရေးအကျဉ်းသား(၇)ဦးပါဝင်ကြောင်း ၎င်းတို့မှာ Sony (ခ)စံရှား၊ကိုမျိုး မြတ်ထွန်း(ခ)ကိုမျိုး၊ကိုထွန်းဝင်း၊ ကိုကျော်ကျော်လှိုင်(ခ) ကိုထွန်း ထွန်းနိုင်၊ ကိုအောင်ဇော်လင်း၊ ကို အောင်ကိုဝင်းနဲ့ ကိုချမ်းသာတို့ ဖြစ်သည်။
အဆိုပါ (၇)ဦးစလုံးရဲ့ အမှု များမှာ တရားမ၀င်အသင်းအပင်း ဖွဲ့စည်းမှုအပြင် နယ်စပ်ဖြတ် ကျော်မှုတွေနဲ့ ထောင်ဒဏ်ချမှတ် ခံရသူများ ဖြစ်ကြသည်။ တောင် ကြီးထောင်မှ နိုင်ငံရေးအကျဉ်း သား ဦးရွှေထူး လွတ်မြောက်ခဲ့ပြီး သာယာဝတီထောင်မှ နိုင်ငံရေး အကျဉ်းသား(၃)ဦး လွတ်မြောက် ခဲ့သည်။ ထောင်အသီးသီးမှ နိုင်ငံ ရေးအကျဉ်းသားလွတ်မြောက်မှု စာရင်းအရ (၈၇)ဦးရှိပြီး တောင် ကြီးထောင်မှ (၁)ဦး၊ တောင်ငူ ထောင်မှ (၂၆)ဦးမှာ စောကျော် ထူး၊ ၀င်းလှိုင်၊ စောလေးဒို၊ စောမူ ယေထူး၊ ကဲဟဲ၊ လာလယ်ထူး၊ စောနာလန်ထူး၊ ထွန်းနိုင်ဦး၊ စော ချစ်လှ၊ စောလှ စိန်၊ သန့်စင်မျိုး၊ စောခူဝါး၊ မြင့်လှိုင်၊ စောလေးလှ၊ မဖြူ(ခ)ချောစုလှိုင်၊တင်ဦး(ခ)မိုး သီး၊ သန်းဇော်မိုး၊ ကိုကိုအောင်၊ လာရိုစေးတို(ခ)ပညာဝံသ၊အောင် နိုင်ဦး၊ မျိုးမြင့်အောင် (ခ)သား ကြီး၊ သိန်းမြင့်(ခေါ်)စုဗူး၊ သိန်း ၀င်း(ခ)ပရာဆက်၊ဘာဘူ(ခ)ကြည် သိန်း၊ ပဲခူးထောင်မှ (၃)ဦးမှာ ဦးခေမာစာရ၊ ဦးဇော်မင်းထွန်း၊ ဇင်မင်း၊ အင်းစိန်ထောင်မှ (၈)ဦး၊ မန္တလေးအိုးဘိုထောင်မှ(၄၆)ဦး၊ မြင်းခြံထောင်မှ(၁)ဦး မှာဇော်စိုင်း၊ လွိုင်ကော်ထောင်မှ(၁)ဦး၊ ရွှေဘို ထောင်မှ(၁)ဦးမှာ ဗိုလ်မှူးရဲနိုင် ဖြစ်သည်။ နိုင်ငံခြားသားများ ဖြစ် သော ဘင်္ဂါလီ၊တရုတ်၊ အိန်္ဒိယ၊ ထိုင်းအပါအ၀င်စုစုပေါင်း(၃၉၉) ဦးပါဝင်သည်။
နိုင်ငံတော် သမ္မတကြီးက (၂၀၁၁ ခုနှစ် အောက်တိုဘာလ အတွင်းမှာ ဒုတိယအကြိမ်ဖွင့်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် ရွှေတံခါး ကိုကြီး အကျဉ်းသား (၆၃၅၉)ဦး ဖြင့် ဖွင့်လှစ်ပေးပြီးနောက် သမ္မတကြီးသည် အနောက်မဇ္ဈိမ တို့ သွားရောက်ခဲ့သည်။ ယခု ၂၀၁၂ခုနှစ် စက်တင်ဘာလ ၁၇ ရက်မှာပဉ္စမအကြိမ်ရွှေတံခါး ကြီး ကိုဖွင့်လှစ်ကာအကျဉ်းသား(၅၁၄) ဦးကိုလွှတ်ပေးခဲ့ပြီး အရှေ့ စိနရဋ္ဌ သို့ သွားရောက်မှာဖြစ်သည်။

စွန်ရဲနက်(ရွှေမှော်ဝန်း)
ref: Hot News