Monday, September 10, 2012

ပုဂ္ဂလိက စက်သုံးဆီ အရောင်း ဆိုင်များ တိုးချဲ့ ဖွင့်လှစ် လျက်ရှိ

0 comments


ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ် အောင်ပန်းမြို့တွင် ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များ ရောင်းချမှု အဆင်ပြေ သဖြင့် ထပ်မံ တိုးချဲ့ တည်ဆောက် လျက်ရှိကြောင်း သိရှိရသည်။ အောင်ပန်းမြို့သည် ကယားပြည်နယ် သို့လည်းကောင်း ၊ ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးနှင့် ညောင်ရွှေ – အင်းလေး ဒေသသို့ လည်းကောင်း ရှေးဟောင်း စေတီပုထိုးများ တည်ရှိရာ ပင်းတယ – ရွာငံ မြို့များသို့ လည်းကောင်း ဆက်သွယ် သွားလာနိုင်ပြီး ပြည်နယ် – ပြည်မ ဆက်သွယ်ရေး လမ်းကြောင်း ဖြစ်သည့် မိတ္တီလာ – တောင်ကြီး ပြည်ထောင်စု လမ်းမကြီး ဖြတ်သန်းလျက် ရှိသော အချက်အခြာ လမ်းဆုံမြို့ဖြစ်ခြင်း ၊ နေ့စဉ် မော်တော်ယာဉ် စီးရေ များပြားစွာ ဖြတ်သန်း သွားလာခြင်း တို့ကြောင့် ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များမှာ စက်သုံးဆီ ရောင်းချမှုတွင် အဆင်ပြေလျက် ရှိကြောင်း သိရသည်။
ယခင်က စက်သုံးဆီ အရောင်းဆိုင် တစ်ဆိုင်သာ ရှိခဲ့ရာမှ ယခုအခါ စက်သုံးဆီ အရောင်းဆိုင် ၅ ဆို ထပ်မံ တိုးချဲ့ တည်ဆောက် ရောင်းချလာခဲ့ကြောင်း အဓိကအားဖြင့် အဝေးပြေး ခရီးသည်တင် မော်တော်ယာဉ်များ ၊ ကုန်တင်ယာဉ်များ ၊ ဒေသတွင်း ပြေးဆွဲနေသော မော်တော်ယာဉ်များ ၊ ထော်လာဂျီယာဉ်များ ၊ မော်တော်ဆိုင်ကယ် များကို ရောင်းချပေးရကြောင်း ဈေးနှုန်း အနေဖြင့်လည်း ဓာတ်ဆီ (အောက်တိန်း ၉၂) တစ်ဂါလံ ကျပ် ၃၉၀၀ ၊ ဓာတ်ဆီ တစ်ဂါလံ ကျပ် ၄၂၀၀ ၊ ဒီဇယ်ဆီ တစ်ဂါလံ ကျပ် ၃၈၀၀ ဖြင့် ရောင်းချပေးလျက် ရှိကြောင်း သိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here