Thursday, September 20, 2012

ခံတွင်းနံ့ဆိုးခြင်း

0 comments


Halitosis လို့ခေါ်တဲ့ ခံတွင်း အနံ့ဆိုးဝါး ခြင်းဟာ ခံတွင်းထဲမှာ ကျန်ရှိနေတဲ့ စားကြွင်း စားကျန်များ မှ ဗက်တီးရီးယား များ ပေါက်ဖွား နေခြင်း၊ ခံတွင်းခြောက်ခြင်း၊ ဆေး လိပ်သောက်ခြင်း သို့မဟုတ် နာတာရှည်နာမကျန်းမှုပြဿနာ တစ်ခုခု ကြောင့် ဖြစ် တတ်ပါတယ်။
ဗက်တီး ရီးယားများ ပေါက်ဖွားခြင်းကြောင့် ဆိုရင်တော့ ခံတွင်းထဲမှာ ရောင်ရမ်း မှုတွေ ဖြစ်ပေါ်ပြီး အနံ့ကလည်း ဆာလဖာ အနံ့လိုမျိုး ပြင်းထန်ဆိုးဝါး တဲ့အနံ့ထွက်စေပါတယ်။ ခံတွင်းနံ့ ဆိုးခြင်းကို သက်သာစေဖို့ အကောင်း ဆုံးနည်းလမ်းကတော့ ခံတွင်းသန့် ရှင်းရေးကို ကောင်းမွန်စွာ ပြုလုပ် ပေးခြင်းပဲ ဖြစ်ပါတယ်။
သွားဆရာ ဝန်ထံသွားပြီး သွားနှင့်ခံတွင်းကို စနစ် တကျဆေးကြော သန့်စင်ခြင်းများ ပြုလုပ်ခံယူနိုင်တဲ့အပြင် တစ်နေ့လျှင် နှစ်ကြိမ် သွားတိုက်ပြီး တစ်နေ့လျှင် တစ်ကြိမ် သွားပွတ်ကြိုးထိုးပေးရပါ မယ်လို့ အမေရိကန်သွားနှင့်ခံတွင်း ပညာအဖွဲ့အစည်းကြီးမှ ညွှန်ကြား ထားပါတယ်။
သူတို့က လျှာကို သန့်စင်ပေးဖို့လည်း ညွှန်ကြားထား ပါသေးတယ်။ ခံတွင်းသန့်ဆေးများ အသုံးပြုပေးခြင်း၊ ပူရှိန်းသကြားလုံး၊ ပီကေများ စားသုံးပေးခြင်းတို့ဖြင့် ခံတွင်းအနံ့များကို သက်သာစေနိုင် ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းတွေ ကတော့ ယာယီဖြေရှင်းနည်းဖြစ်ပါတယ်။ ခံတွင်းအနံ့ဆိုးများ အမြဲပျောက် ကင်းသွားဖို့ဆိုရင်တော့ သွားဆရာဝန် နှင့် စနစ်တကျ ကုသမှုခံယူရပါမယ်။ 
ref: Health Digest

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here