Thursday, September 20, 2012

Photoshop CS7 တွင် XP အတွက် ထောက်ပံ့မှုကို Adobe ဖြုတ်ချ

0 comments


Photoshop CS7 တွင် XP အတွက် ထောက်ပံ့မှုကို Adobe ဖြုတ်ချစာရင်းအင်း ကောက်ယူသည့် သုတေသန ကုမ္ပဏီ တစ်ခုဖြစ်သည့် Net Applications ကWindows OS နှင့်ပတ်သက်သည့် ဈေး ကွက်ဝေ စုကို ပြီးခဲ့သည့် ဩဂုတ်လတွင် ရယူ ခဲ့ရာ၌  Windows 7 က Windows XP ထက်သာလွန်နေသည့် အချက်ကို ထုတ်ဖော် တင်ပြ သွားခဲ့ သည်။
ထို့ အတွက်ကြောင့် သက်တမ်း၁၁နှစ် ရှိပြီဖြစ်သော အဆိုပါWindows XP ကိုဆက် လက်အသုံးပြုနေပါက လာ မည့်အနာဂတ်တွင်ထွက်ပေါ်လာ မည့် Adobe Photoshop CS7 ကိုအသုံး ပြုခွင့် ရမည်မဟုတ်ဟု အဆိုပါသု တေသန ကုမ္ပဏီက ပြောဆိုသွား ခဲ့သည်။
Adobe ကုမ္ပဏီ၏ထုတ်ကုန်မန် နေဂျာဖြစ်သူTom Hogarty ကPhotoshop CS6 မှာ Windows XP အ တွက်ထောက်ပံ့ပေးနိုင်သည့် နောက် ဆုံးversion ဖြစ်ပြီး လာမည့်Photoshop CS7 ကိုအသုံးပြု ချင်ပါက Windows 7 နှင့် အထက်လိုအပ်လိမ့်မည် ဟု ကြေညာသွားခဲ့သည်။
သို့ရာ တွင် လာမည့် CS7 version ကို XP တွင်အသုံးပြုခြင်းကို ကန့်သတ်မှု ပြုခြင်း၊ သို့မဟုတ် လုံးဝထောက် ပံ့မှုမရှိတော့ခြင်းဆိုသည့်အချက်ကို မူ Adobe ကရှင်းလင်းစွာပြောဆို ခဲ့ခြင်းမရှိပေ။ Adobe မှာ လက်ရှိ တွင်Windows Vista တွင် CS6 အသုံးပြုခြင်းကိုထောက်ပံ့ပေးခြင်း မရှိတော့သော်လည်း users များကို ထည့်သွင်းအသုံးမပြုရန် ကန့်သတ် မှုများထားရှိခြင်းမရှိပေ။
သို့ရာတွင် သုံးစွဲသူအရေအတွက်ပိုမိုများပြား နေသေးသည့် Windows XP ပေါ်တွင် CS6 အသုံးပြုခြင်းကိုမူ ဆက်လက် ထောက်ပံ့ ထားဆဲဖြစ်သည်။ Adobe Photoshop team ကအကြံပြုထားရာ တွင်user များအနေဖြင့် အနာဂတ် Photoshop တီထွင်ဆန်းသစ်မှုကိုရ ယူလိုလျှင်Windows 7 နှင့်အထက် သုံးရန်လိုမည်ဟု ဆိုထားသည်။
ref: Net Guide

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here