Thursday, September 20, 2012

မန္တလေး ဈေးချိုတော်တွင် မသင်္ကာဖွယ် ဓာတ်ဆီအိတ်များ တွေ့ရှိ

0 comments
September 20,2012

မန္တလေး ဈေးချိုတော် ၇ ဈေးအိမ်သာ (သန့်စင်ခန်း) အကြား ဆိုင်တွေအောက်ခြေနား မှာ ကြွတ်ကြွတ်အိတ်နဲ့ထည့်ထားတဲ့ ဓာတ်ဆီအိတ် ၄ အိတ်ကို ဈေးမဖွင့်ခင် မနေ့ မနက် ၆ နာရီဝန်းကျင်က တွေ့ရှိခဲ့တယ်လို့ မန္တလေးအခြေစိုက် ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။
ဈေးခင်းဖို့ ရောက်လာတဲ့ ရှမ်းခေါက်ဆွဲဆိုင်ရှင် အမျိုးသမီးကြီးက မီးတောက်နေတာကို စတင်တွေ့ရှိတဲ့အတွက် ဈေးသန့်စင်ခန်းအစောင့်ကို အော်ဟစ်အကူအညီတောင်းပြီး အခြားဈေးသူဈေးသားတွေနဲ့အတူ ရေစို ပုဆိုး၊ အ၀တ်တွေနဲ့ ခဏအတွင်း မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မနက်ပိုင်းမှာ ဓာတ်ဆီအိတ် ၄ အိတ်တွေ့ရှိခဲ့တာဖြစ်ပြီး ခေါင်မိုးနေရာတွေမှာ ဆက်လက်ရှာဖွေရာ ဓာတ်ဆီအိတ်တွေ ဆက်တွေ့တယ်လို့ ပြောပါတယ်။
မွန်းလွဲ ၁ နာရီလောက်မှာလည်း ဓာတ်ဆီအနံ့ထပ်ရတာကြောင့် ဆက်လက် ရှာဖွေရာ နောက်ထပ် ကြွတ်ကြွတ်အိတ်အနက်ရောင်နဲ့ ထည့်ထားတဲ့ ဓာတ်ဆီအိတ်တွေကို ထပ်မံတွေ့ရှိပါတယ်။
ဒီလိုဖြစ်တာ ၄ ကြိမ်ရှိပြီဖြစ်တဲ့အတွက် ဈေးသူဈေးသားတွေက တရားခံကို အမြန်ဆုံး ဖမ်းမိစေချင်နေကြပြီး မီးဘေးအတွက်လည်း စိုးရိမ်နေကြပါတယ်။
ဒါ့အပြင် ဈေးမီးလောင်အောင်လုပ်ပြီး ဈေးအသစ် တည်ဆောက်မှာကိုလည်း စိုးရိမ်နေကြတယ် လို့ ဈေးသူဈေးသားတွေက ပြောပါတယ်။

DVB

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here