Thursday, September 20, 2012

Jelly Bean သုံးထားသော S3 LTE ဖုန်းကို စင်ကာပူသို့တင်ပို့

0 comments

Samsung ကုမ္ပဏီသည် ဂျာမ နီနိုင်ငံ၊ ဘာလင်မြို့တွင် ကျင်းပခဲ့သော IFA ပြပွဲ၌ LTE စနစ်အသုံးပြု နိုင်သည့် ၄င်းတို့၏ထိပ်တန်းအဆင့် ဖုန်းဖြစ်သောS3 (LTE) ကိုထုတ်ဖော် ပြသခဲ့သည်။ ထိုS3 အမျိုးအစား မှာ အခြားထူးခြားချက်တစ်စုံတစ် ရာမရှိဘဲLTE စနစ်ကိုဖြည့်စွက်ပေး ထားသည့်ဖုန်းတစ်လုံးမျှသာဖြစ်ခဲ့ သည်ဟု သတင်းများကဖော်ပြခဲ့ ကြသည်။
သို့ရာတွင်Android နောက်ဆုံး version ဖြစ်သည့်Jelly Bean အသုံး ပြုထုတ်လုပ်လိုက်သည့် ဖုန်းတွင် မူထူးခြားမှုများပါဝင်လာခဲ့သည်။ Jelly Bean အသုံးပြုထားသောအဆိုပါဖုန်းကိုလည်းIFA ပြပွဲမှာပင်ပြသ ခဲ့ခြင်းဖြစ်ပြီး သတင်းဌာနများမှ လေ့လာမူများပြုလုပ်ခဲ့ရာ၌hardware ပိုင်းဆိုင်ရာတွင် ပိုမိုအားကောင်း သော processor ကိုအသုံးပြုထား သည့်အချက်ကိုတွေ့ရှိခဲ့ရသည်။
ယခုအခါတွင်processor မှာ ယခုလအကုန်ပိုင်းတွင်S3 (LTE) ကို စင်ကာပူနိုင်ငံသို့တင်ပို့ရန်စီစဉ် လျက်ရှိရာ၌Jelly Bean တစ်ပါတည်း အသုံးပြုထားသောS3 (LTE) ကို တင်ပို့မည်ဖြစ်သည့်အတွက် စင် ကာပူနိုင်ငံသားများအတွက် သတင်း ကောင်း ပင်ဖြစ်သည်။
ထို့အပြင် British LTE version ကိုဝယ်ယူရန်ရှိ သူများအနေဖြင်Titanium Grey အရောင်နှင့်ပါရရှိနိုင်သည်ဟု ဆက်စပ် သတင်းများအရသိရှိရသည်။ စင်ကာပူသို့တင်ပို့မည့်S3 (LTE) မှာSamsung ကမူလအစတွင် ထုတ်လုပ်ထားသောhardware ပိုင်း မျိုးမဟုတ်ဘဲ CPU ကို quad-core Exynos ကိုအသုံးပြုထားသည့်အမျိုး အစားဖြစ်သည်ဟု ဆိုထားသည်။ RAM မှာလည်း 2GB ရှိမည်ဖြစ် သည်။
အမေရိကန်သို့တင်ပို့သည့် S3 အမျိုးအစားမှာdual-core Snapdragon S4 အမျိုးအစားသာဖြစ်သည်။ စင်ကာပူရှိSamsung ကုမ္ပဏီခွဲက non-LTE version အတွက် Jelly Bean ကိုအောက်တိုဘာတွင်ရမည်ဟု ကြေညာထားသည်။
ref: Net Guide

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here