Thursday, November 1, 2012

အနုပညာကြေးတွေကို မေတ္တ္တာပရဟိတ ဂေဟာ မှာ လှူဒါန်းတဲ့ Miss-နန်းခင်ဇေယျာ(ဓါတ်ပုံများ)

0 comments
နိုဝင်ဘာ(၁)

မြန်မာ့ဂုဏ်ဆောင် Miss နန်းခင်ဇေယျာ ဟာ အခုဆိုရင် လွယ်ဟိန်းကုမ္ပဏီ၏ Brand Ambassador အဖြစ်စာချုပ်ချုပ်ဆိုပြီးနောက် သူရဲ့ ပထမဆုံး အနုပညာကြေးအား လှည်းကူးမြို့နယ် မရမ်းချောင်းကျေးရွှာ
ရှိ မေတ္တာပရဟိတ ဂေဟာမှာ ကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့ပါတယ်။


သူမအနေဖြင့် ဂေဟာသို့ ရောက်ရှိပြီး မိမိကိုယ်မိမိ မိတ်ဆက်ချိန်တွင် -
 "သူတို့တွေနဲ့ မိတ်ဆက်တော့ သူတို့တွေက ညီမကို သိနေကြတယ်။ သူတို့တွေက Radio မှာနားထောင်ပြီး ညီမရဲ့ အင်တာဗျူးစကားတွေကို ပြန်ပြောပြကြတယ်။ သူတို့က အားရပါးရ ပြောတယ် ညီမအတွက် အရမ်းဂုဏ်ယူတယ်တဲ့.(အဲ့ဒီအချိန်မှာ ရင်ထဲမှာ နင့်နင်အောင်ကိုခံစားခဲ့ရတာပါ)".. ဟု သူမ၏ Facebook စာမျက်နှာတွင် ရေးသားထားသည်ကို တွေ့ရှိရပါသည် ။


နန်းခင်ဇေယျာသည် ဂေဟာ၏ ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် ယခုလာရောက်လှုဒါန်းရသည်ကို ပျော်ရွှင်မိကြောင်း အမှတ်တရ စာရေးပြိး လက်မှတ်ထိုးခဲ့ပါတယ် ။ယခုလထဲတွင်လည်း အဆိုပါ ပရဟိတ ဂေဟာသို့ နောက်တကြိမ်ထပ်မံလှူဒါန်းရန် အစီအစဉ်ရှိကြောင်းနှင့် သူမ၏ ပရိသတ်များနှင့်ပါ အတူတူ လှူဒါန်းဖွယ်ရှိကြောင်း သိရပါသည် ။







နန်းခင်ဇေယျာရဲ့ ပထမဆုံး ပရဟိတလုပ်ငန်းအတွက် အပင်ပန်းခံပြီး စီစဉ်ပေးခဲ့ကြတဲ့ ဆရာ ဦးချစ်စံဝင်းနဲ့ ဆရာမ ဒေါ်လမင်းအိမ် တို့နှင့် အမှတ်တရ














နန်းခင်ဇေယျာရဲ့ ပထမဆုံးရတဲ့ အနုပညာကြေးထဲက ငွေငါးသိန်း ကိုလှူဒါန်းခဲ့ပါတယ် 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here