Thursday, November 1, 2012

RCSS အမှတ် ၇ဝ၁ စစ်ဒေသ နှင့် ဒေသခံလူထု ငြိမ်းချမ်းရေးကိစ္စဆွေးနွေး

0 comments

နိုဝင်ဘာ(၁)

အစိုးရနှင့် သျှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA (S) တို့ ပြုလုပ်ထားသော ငြိမ်းချမ်းရေးအပေါ် ပြည်သူလူထု သဘော ထား သိရှိနိုင်ရန် SSA(S) လက်အောက်ခံ အမှတ် ၇၀၁ စစ်ဒေသက ဒေသခံလူထုအား ဖိတ်ကြားကာ ယခုလ ၂၈ ရက်နေ့က ဆွေးနွေးပွဲ တစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။


အမှတ် ၇ဝ၁ စစ်ဒေသ အခြေစိုက်ရာ သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် မန့်ဟျိုး(မန့်ဟီးရိုး)မြို့နယ်ခွဲအတွင်းရှိ နောင်မ ကျေးရွာ၌ အဆိုပါဆွေးနွေးပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။

alt                                             ၇ဝ၁ စစ်ဒေသ ခေါင်းဆောင်များ


၎င်းဆွေးနွေးပွဲသို့ နမ့်ခမ်းမြို့နယ် အပါအဝင် မိုင်းဝီးနှင့် မန့်ဟျိုးမြို့နယ်ခွဲများ အတွင်းရှိ ကျေးရွာဥက္ကဋ္ဌများ ၊ သံဃာတော် များ ရာချီ တက်ရောက်ခဲ့ပြီး အမှတ် ၇၀၁ တပ်ရင်းမှ အရာရှိများနှင့် ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်မှ ညနေပိုင်းအထိ ၅ နာရီကြာခန့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းအမှတ် ၇ဝ၁ စစ်ဒေသ အသိုင်းအဝိုင်းကသျှမ်းသံတော် ဆင့်သို့ ပြောသည်။

“ငြိမ်းချမ်းရေးကိစ္စ မူးယစ်ဆေးဝါးကိစ္စတွေနဲ့ပတ်သက်လို့ ဒေသခံပြည်သူလူထုကို ဖိတ်ခေါ်ပြီး အစည်းအဝေးလုပ် တာပေါ့နော်၊ တစ်ရွာကို အနည်းဆုံး ၂ ယောက်ဖိတ်ကြားပါတယ်၊ သံဃာတော်တွေကိုလည်းဖိတ်တယ် အားလုံး ဆို ရာချီပြီး တက် ရောက်ပါတယ်” - ဟု အမှတ် ၇ဝ၁ တပ်ရင်းအသိုင်းအဝိုင်းက ပြောသည်။

ငြိမ်းချမ်းရေးကိစ္စ အပေါ် ဒေသခံများမှ သဘောထားအမြင်များ တင်ပြခဲ့ပြီး အထူးသဖြင့် ဒေသတွင်း မူးယစ် ဆေးဝါး ထူ ပြောနေခြင်း၊ အခွန်ငွေကောက်ခံခြင်းကိစ္စများနှင့် ပတ်သက်၍လည်း အကျယ်တဝင့် ဆွေးနွေး တင်ပြကြကြောင်း သိရသည်။

၎င်းဆွေးနွေးပွဲ အပြီး နောက်တစ်နေ့တွင် အမှတ် ၇ဝ၁ စစ်ဒေသ မှ မန့်ဟျိုးမြို့နယ်ခွဲအတွင်းရှိ တာကြန့် ကျေးရွာ၌ မူးယစ် ဆေးဝါး ဖမ်းဆီးနှိမ်နင်းမှု ပြုလုပ်ခဲ့ရာ ၄င်းရွာ၌ မူးယစ်ဆေးသုံးစွဲ ရောင်းဝယ် ဖေါက်ကားသူ ၁၀၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့ ကြောင်း သိရသည်။


သျှမ်းသံတော်ဆင့်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here