Thursday, November 1, 2012

တာချီလိတ်ခရိုင်ကြက်ခြေနီတပ်ဖွဲ့၏ ရှေးဦးပြုစုခြင်း(ကျောင်းကြက်ခြေနီ)သင်တန်းအား တာချီလိတ်မြို့ရှိ အ.ထ.က ကျောင်းနှစ်ကျောင်းတွင် ပို့ချ

0 comments



မြန်မာနိုင်ငံကြက်ခြေနီအသင်း(နေပြည်တော်)မှ လမ်းညွှန်မှုနှင့်အညီ တာချီလိတ်ခရိုင်ကြက်ခြေနီတပ်ဖွဲ့ ဒု-ရဲမှူးကြီး အုန်းကျော် ( ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး )၏ ဦးဆောင်မှုဖြင့် အမှတ်စဉ် ၁/၂၀၁၂ အခြေခံရှေးဦးပြုစုခြင်း(ကျောင်းကြက်ခြေနီ)သင်တန်းကို တာချီလိတ်မြို့ရှိ အ.ထ.က(တာချီလိတ်) နှင့် အ.ထ.က(ဆန်ဆိုင်း)ကျောင်းတို့မှာ အောက်တိုဘာ(၃၁)ရက်နေ့မှ နိုဝင်ဘာ(၄)ရက်နေ့ထိ သင်တန်းပို့ချမှာဖြစ်တယ်လို့ သိရပါတယ်။









အ.ထ.ကကျောင်း နှစ်ကျောင်းရှိ ကျောင်းသား ကျောင်းသူများကို သင်တန်းပို့ချရာမှာ စစ်ရေးပြသင်တန်းကိုတော့ တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲတပ်ကြပ် ရဲနိုင်ထွန်း နဲ့ ရဲတပ်ကြပ် ဂီးဒို တို့က ပို့ချပေးတာဖြစ်ပြီး ရှေးဦးပြုစုခြင်း(ကျောင်းကြက်ခြေနီ)သင်တန်းကိုတော့ တာချီလိတ်ခရိုင် ကြက်ခြေနီတပ်ဖွဲ့မှ ဦးဘမိုးမြင့်(နည်းပြ/အဆင့်မြင့်)၊ ဦးစိန်အောင်မင်း(နည်းပြ၊ C.B.F.A. ) နဲ့ ဦးရှဲန်မုန့်(နည်းပြ၊ C.B.F.A. ) တို့က သင်ကြားပို့ချပေးတာဖြစ်ပါတယ်။



ယခုလို သင်ကြားပို့ချရာတဲ့နေရာများမှာ အ.ထ.က(တာချီလိတ်)ကျောင်း နဲ့ အ.ထ.က(ဆန်ဆိုင်း)ကျောင်းတို့မှာဖြစ်ပါတယ်။
 
တာချီလိတ်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here