Wednesday, November 28, 2012

ဒီနှစ်ရဲ့ လိင်ဆွဲဆောင်မှု အရှိဆုံး အမျိုးသား

0 comments
နိုဝင်ဘာ(၂၈)

မာက်ကိုရီးယား ခေါင်းဆောင်လေး ကင်ဂျုံအန်းက ဒီနှစ်ရဲ့ လိင်ဆွဲဆောင်မှု အရှိဆုံး အမျိုးသားလို့ ဆိုပါတယ်။

အမေရိကန် ကြက်သွန်နီစာစောင်က အဲဒီလို နောက်ပြောင်သတ်မှတ်လိုက်တာပါ။ 

သို့သော်ငြား တရုတ် ကွန်မြူနစ်ပါတီရဲ့ People’s Daily - ပြည်သူ့နေ့စဉ်သတင်းစာ အင်တာနက်စာမျက်နှာမှာ  အဲဒါကို အတည်ယူပြီး သတင်းရေးထားပါတယ်။ အင်္ဂါနေ့မှာပါ။
သတင်းခေါင်းစဉ်က “North Korea’s top leader named The Onion‘s Sexiest Man Alive for 2012” ဖြစ်ပါတယ်။
မြောက်ကိုရီးယားထိပ်တန်းခေါင်းဆောင် The Onion ရဲ့ ၂၀၁၂ လိင်ဆွဲဆောင်မှု အရှိဆုံး သက်ရှိအမျိုးသား လို့ ဘာသာပြန်နိုင်မယ် ထင်ပါတယ်။

 ကြက်သွန်နီစာစောင်မှာ လှောင်ထားတာကို ကိုးကားပြီး "သောက်ကျိုးနဲ ခန့်ငြားမှု၊ မျက်နှာဝိုင်းဝိုင်း၊ ကလေးဆန်ဆန်နှစ်လိုဖွယ်ကောင်းမှု၊ သန်မာမှု၊ ကြံ့ခိုင်သောကိုယ်လုံးကိုယ်ပေါက်တို့ကြောင့် ပြုံယမ်းဇာတိ ပျိုတိုင်းကြိုက်သည့် ဤနှင်းဆီခိုင်သည် အမျိုးသမီးတိုင်း စိတ်ကူးယဉ်စရာပုဂ္ဂိုလ်ဖြစ်လာသည်" လို့ သတင်းစာ အွန်လိုင်းမှာ ရေးခဲ့တယ်။

ကင်ဂျုံအန်းက ချစ်စရာကောင်းလွန်းလို့ ပြီးတော့ ခေတ်ဆန်ပြီး ကြော့ကြော့မော့မော့ရှိတဲ့ ဆံပင်တိုတို၊  အထင်ကရအပြုံးတို့ကြောင့်  ကြက်သွန်နီစာစောင် အယ်ဒီတာအဖွဲ့ ကြွေသွားတယ် ဆိုတာကိုလည်း ကိုးကားထားပါတယ်။

People’s Daily မှာ ဒီသတင်းအတွက် သုံးလိုက်တဲ့ ပုံတွေထဲမှာ  ကင်ဂျုံအန်း စစ်ရေးပြအခမ်းအနားမှာ လက်ဝှေ့ယမ်းနေပုံ၊ နေကာမျက်မှန်တပ်ပြီး ပြုံးနေပုံများ ပါဝင်တယ်လို့ ဆိုတယ်။

တရုတ်အစိုးရရဲ့ Guangming Daily သတင်းဝက်ဆိုက်မှာ ဒီသတင်း ပါခဲ့သေးတယ်၊ ပြီးမှ သူတို့ သုံးလိုက်တာပါလို့ People’s Daily အတွင်းလူတယောက်က  ဆိုပါတယ်။

တရုတ်အစိုးရသတင်းစာအွန်လိုင်းက သို့ကလို ညွှန်းလေတော့ ကြက်သွန်နီကလည်း သူတို့သတင်းကို ထပ်ပြီး ဖြည့်စွက်ချက်ထည့် update လုပ်ပါတယ်။

ဒီနှစ်ရဲ့ လိင်ဆွဲဆောင်မှု အရှိဆုံး အမျိုးသား ကင်ဂျုံအန်းအကြောင်း ပိုမို ဖတ်ရှုနိုင်ဖို့ ကြက်သွန်နီအေဂျင်စီရဲ့ ဂုဏ်ယူဖွယ် ကွန်မြူနစ် ဌာနခွဲ People’s Daily မှာ ဖတ်ပါလို့ ဖြည့်စွက်ချက် ထည့်လိုက်ပါတော့တယ်။

ဒီအကြောင်း ရေးထားတဲ့ မူရင်းသတင်းက irrawaddy.org  မှာ ဖြစ်ပါတယ်။

ကြက်သွန်နီမှာ ရေးထားပါသေးတယ် - ပြီးခဲ့တဲ့နှစ် လိင်ဆွဲဆောင်မှုအရှိဆုံး အမျိုးသားက ဆီးရီးယားသမ္မတအာဆတ် လို့ ဆိုတယ်။ 

တရုတ်အစိုးရစာစောင်တွေက ဟာသတွေကို အတည်ယူတာ ဒါ ပထမဆုံးအကြိမ် မဟုတ်ပါဘူး တဲ့။
၂၀၀၂ တုန်းက သတင်းပြောင်တပုဒ်ဖြစ်တဲ့ အမေရိကန်လွှတ်တော်က အဆောက်အအုံသစ် ရဖို့ ၀ါရှင်တန်ကို ခွာတော့မယ် ဆိုတာကို Beijing Evening News က ပုံနှိပ်ဖော်ပြဖူးတယ်လို့ ဆိုတယ်။

 ကြက်သွန်နီစာစောင်ရဲ့ ပြက္ခဒိန်မှာ နေ့တိုင်းနေ့တိုင်းဟာ April Fool နေ့ ဖြစ်နေတတ်တယ်ဆိုတာကို အခုလောက်ဆို ပိုမိုသိရှိသွားကြပြီလို့ ယူဆရပါတယ်။


မြန်မာ့သားကောင်း

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here