Wednesday, November 28, 2012

ကျောက်မဲ ခိုမုန်း၌ အောင်တော်မူစေတီ တည်ထားကိုးကွယ်မည်

0 comments
နိုဝင်ဘာ(၂၈)

http://sphotos-a.ak.fbcdn.net/hphotos-ak-snc7/390260_497249493649027_2076711123_n.jpg 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ ခိုမုန်းကျေးရွာ၌ လာမည့်ခုနှစ်တွင် ကျပ်သိန်းသုံးထောင်ကျော် အကုန် ခံ၍ လောက သရဖူအောင်တော်မူစေတီပုထိုး တည်ထားကိုးကွယ်ရန် အစီအစဉ်ရှိသည်ဟု ပုထိုးတော်ကြီးဖြစ်မြောက်ရေး သံဃာနာယကများ ထံက သိရှိရသည်။ ကျောက်မဲမြို့တွင် အမြင့် ဆုံးသောစေတီတစ်ဆူဖြစ် လာမည့် ဥာဏ်တော်အမြင့် (၇၅)ပေရှိ အဆိုပါစေတီမှာ အကျယ်(၁၀၀)ပေရှိကာ အောက်ပစ္စယံပါရှိမည်ဟူ ၍လည်း သိရသည်။

“ လောကသရဖူအောင်တော်မူဆုတောင်းပြည့် မြို့ဦးစေတီတော်ကြီး ကိုတည်ထားကိုးကွယ်ဖို့ စီစဉ်ခဲ့တာတော့ (၉)လကျော် ကြာနေပြီ၊ စတင်တည်ဆောက်ဖို့ရက်ကို အတိအကျ မသတ် မှတ်ရ သေးပေမယ့် လာမယ့်၂၀၁၃ ခုနှစ် ဇန်န၀ါရီလ (နတ်တော်လ)ထဲမှာပဲ စပြီးဆောက်လုပ်ဖြစ်လိမ့်မယ်” ဟု ပုထိုးတော်ကြီးဖြစ်မြောက်ရေးမှ သံဃာ့နာယကတစ်ဦးဖြစ် သူ အောင်ဆုပန်ကျောင်းတိုက် ဆရာတော်က မိန့်သည်။

အဆိုပါ ဆုတောင်းပြည့်မြို့ဦးစေတီတော်ကြီး တည်ရသည့် ရွယ်ရွယ်ချက်မှာ သာသနာတော် တည်တံ့စေခြင်း ၊ မြန်မာမှုလက်ရာများကိုလည်း မပျောက်စေခြင်းတို့ကြောင့် ဖြစ်သည်ဟု သံဃာ့ နာယကများထံက သိရှိရသည်။ အကျယ်(၁၀)ပေ ပတ်လည်ရှိ အခန်း(၂၅) ခန်းကို မြန်မာ မှုလက်ရာများပါရှိသော ကျောက်ပြားမျက်နှာကျက်ဖြင့် တည်ဆောက် သွားမည်ဖြစ် ပြီးအောက် ပစ္စယံအား (၁၅)ပေအမြင့်ထားရှိမည်ြ ဖစ် ကာ  အောက်ပစ္စယံအတွင်း၌ (၅)ပေပတ်လည် တိုင်လုံးကြီး (၂၄)လုံး ပါဝင်မည်ဖြစ်သည်ဟု အောင်ဆုပန် ကျောင်းတိုက်မှ ဆရာတော်က မိန့်ကြားခဲ့ သည်။ ကျောက်မဲ မြို့သူ၊မြို့သားများအနေဖြင့်ယခု တည်မည့် စေတီပုထိုးကဲ့သို့ ကြီးမားသော စေတီပုထိုး မရှိသေးခြင်းနှင့် စေတီပုထိုးတွင် ပါဝင်မည့်မြန်မာမှုလက်ရာများကြောင့် စေတီတော်ဖြစ်မြောက် မည့်အရေး စိတ်ပါဝင်စားကာ ၀မ်းသာကြည်ညိုနေကြောင်းကိုလည်း ခိုမုန်းဒေသခံများထံက သိရသည်။

“ မြို့အတွက်ကြည့်မယ်ဆိုရင် ပုထိုးတော်ကြီးကြီးမားမားက ပြောလောက်စရာမရှိသေးတော့ ပုထိုးတော်ကြီး ရှိလာမှာကောင်းပါတယ်၊ ပုထိုးတော်ကြီးမှာ မြန်မာမှုလက်ရာတွေလည်းပါမယ်ဆိုတော့ သာသနာနဲ့အတူ ယဉ်ကျေးမှုကို ထိန်းသိမ်းရာရောက်လို့ မြို့ဂုဏ်လည်းတက်လာတာပေါ့ “ ဟု ခိုမုန်းကျေးရွာမှ အသက် (၅၀) အရွယ် ဒေသခံတစ်ဦးက ပြောသည်။

လောကသရဖူအောင်တော်မူ ဆုတောင်းပြည့်မြို့ဦးစေတီတော်ကြီးဖြစ်မြောက်ရေးအတွက် ကျောက်မဲမြို့ အတွင်းရှိ ကျောင်းတိုက်(၇)ခုမှ ဆရာတော်(၇) ပါးကဦးစီး ဆောင်ရွက်မည်ဖြစ်ပြီး `ရွှေကုန်မာဆိုင်´မှ
လည်း ပူးပေါင်း ကာ တာဝန်ယူဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စေတီတော်ကြီးကို ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလမှ စတင်အစီအစဉ် ဆွဲခဲ့ပြီး ကျောက်မဲ မြို့ရှိ ဒေသခံမြို့မိမြို့ဖများနှင့် ရပ်နီးရပ်ဝေးမှစေတနာရှင်များ၏ အလှူငွေများဖြင့် တည်ထား ကိုးကွယ် ခြင်းဖြစ်သည်ဟု စေတီပုထိုးဖြစ်မြောက်ရေး သံဃာ့နာယကများက ဆိုသည်။ ကျာက်မဲမြို့ အမှတ် (၁) ရပ်ကွက် ပင်လုံလမ်းမကြီးနံဘေးတွင် စိန္ဒာမုနိ ပုထိုးတော်ကြီးတည်ရှိထား သော်လည်း ယခုတည်ထားကိုးကွယ်မည့် ပုထိုးတော်ကြီး မှာ ကျောက်မဲမြို့ရှိ စေတီဘုရားများထက် ထုထည်နှင့် ကုန်ကျစရိတ် အကြီးမား ဆုံးဖြစ် ကာ မြန်မာမှုလက်ရာများပါဝင်မှု အများဆုံးဖြစ်လာမည် ဖြစ်သည်။
 
Myit Makha Mediagroup

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here