Thursday, November 29, 2012

မီးလောင် ဒဏ်ရာရသူများအား ပြည်ခိုင်းဖြိုးပါတီမှ ထောက်ပံ့ကြေးပေးအပ်

0 comments
နိုဝင်ဘာ(၂၉)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ သူရ ဦးအေးမြင့် သည် (၁၀-၁၁-၂၀၁၂) နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့မှ ပါတီ ကော်မတီဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု အမျိုးသားလွှတ်တော်၊ ပြည်သူ့ လွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့သည် ကန့်ဘလူမြို့ ကုတင် (၁၀၀) ပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့ပြီး ဆီတွဲရထား တိမ်းမှောက်မီးလောင်မှုတွင် ဒဏ်ရာရရှိခဲ့ကြသော မီးဘေးသင့်လူနာ (၈၃)ဦးအား လှူဒါန်းထောက်ပံ့ငွေ တစ်ဦးလျှင် ကျပ် (၅)သောင်းနှုန်းဖြင့် စုစုပေါင်း (၄၁.၅) သိန်းအား တစ်ဦးချင်းစီသို့ ထောက်ပံ့ပေးအပ်ခဲ့ပြီး အားပေး စကားပြောကြား ခဲ့ပါသည်။
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်မှ ကန့်ဘလူမြို့ ကုတင်(၁၀၀) ပြည်သူ့ဆေးရုံသို့သွားရောက်၍ ချပ်ကြီးဘူတာ ဆီတွဲရထား တိမ်းမှောက်ပေါက်ကွဲ မီးလောင်မှုတွင် ဒဏ်ရာရရှိလူနာများအား ထောက်ပံ့လှူဒါန်းငွေပေးအပ်စဉ်
(၁၁-၁၁-၂၀၁၂) ရက်နေ့ နံနက် (၈း၁၅) နာရီတွင် ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်နှင့် အဖွဲ့သည် ကျွန်းလှ မြို့နယ် ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး ချပ်ကြီးဘူတာ ဆီတွဲရထား တိမ်းမှောက်မီးလောင်မှုတွင် ဒဏ်ရာရရှိ လူနာ(၅) ဦးအား လှူဒါန်းထောက်ပံ့ငွေ တစ်ဦးလျှင် ကျပ် (၅) သောင်းနှုန်း စုစုပေါင်း ငွေကျပ် (၂၅၀၀၀၀ိ/-) အား ပေးအပ်ခဲ့ပြီး အားပေးစကား ပြောကြားခဲ့ပါသည်။
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်မှ ကျွန်းလှမြို့ ပြည်သူ့ဆေးရုံသို့သွားရောက်၍ ချပ်ကြီးဘူတာ ဆီတွဲရထား တိမ်းမှောက်ပေါက်ကွဲမီးလောင်မှုတွင် ဒဏ်ရာရရှိလူနာများအား ထောက်ပံ့လှူဒါန်းငွေပေးအပ်ပြီး အားပေးစကားပြောကြားစဉ်
ဆက်လက်၍ နံနက် (၁၀း၀၀) နာရီတွင် ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်နှင့် အဖွဲ့သည် ချပ်ကြီးကျေးရွာသို့ သွားရောက်၍ ချပ်ကြီးကျေးရွာမှ မီးဘေးသင့် သေဆုံးခဲ့သူ (၂၉) ဦး၏ ကျန်ရစ်သူ မိသားစုများအား တစ်ဦးလျှင် ကျပ် (၁) သိန်းနှုန်း ဖြင့်လည်းကောင်း၊ ချပ်သင်းဆေးရုံရှိ ဒဏ်ရာရလူနာ (၂) ဦး အတွက် တစ်ဦးလျှင် ကျပ် (၅) သောင်းနှုန်းဖြင့်လည်းကောင်း  အသီးသီး ထောက်ပံ့လှူဒါန်းခဲ့ကာ အားပေးစကား ပြော ကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်မှ ကန့်ဘလူမြို့နယ် ချပ်ကြီးကျေးရွာသို့သွားရောက်၍ ချပ်ကြီးဘူတာ ဆီတွဲရထားတိမ်းမှောက်ပေါက်ကွဲမီးလောင်မှုတွင် သေဆုံးသူ(၂၉)ဦး၏မိသားစုများအား ထောက်ပံ့လှူဒါန်းငွေပေးအပ်စဉ်

 Myanmar Express

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here