Thursday, November 29, 2012

တောင်ပေါ်ဒေသတွင် နယ်မြေမတည်ငြိမ်ခြင်းကြောင့် လက်ဖက်ဈေးကွက် မတည်ငြိမ်

0 comments
နိုဝင်ဘာ(၂၉)



ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ရှိ လက်ဖက်စိုက်ဒေသများတွင် နယ်မြေမငြိမ်းချမ်းမှုများကြောင့် လက်ဖက်ကုန်ကြမ်း အရည်အသွေးလျော့ကျ
လာပြီး ရှမ်းေ
မြာက် လက်ဖက်ဈေးကွက်အရောင်း အ၀ယ်အေး လျက်ရှိ
သည်ဟု လက်ဖက်လုပ်ငန်းလုပ်ကိုင် သူများထံမှ သိရှိရသည်။

“တောင်ပေါ်ဒေသတွေမှာ လက်နက်ကိုင်တပ်တွေက တပ်သား
စုဆောင်းနေတော့ ဘယ်သူမှ လက်ဖက်သွားမခူးရဲကြဘူး ၊ နယ်မြေ
ကလည်း မအေးချမ်းသေးဘူးအဲ့ဒါကြောင့် ဒေသခံတွေရော
အောက်ပြည်ဘက်ကလူတွေရော လက်ဖက်ခူးမယ့်သူ ရှားသွားတယ်”
ဟု လက်ဖက်ထွက်ရာဒေသတစ်ခု ဖြစ်သော ရှမ်းပြည်နယ်မြောက်ပိုင်း
ကျောက်မဲမြို့နယ် မိုင်းငါ့ကျေးရွာမှ ရွာသားတစ်ဦးက ပြောသည်။

ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးအတွက် ၂၀၁၂ခုနှစ် ဇန်န၀ါရီ (၂၈)ရက်နေ့တွင် လက်မှတ်ရေးထိုးထားသော်လည်း ကျောက်မဲအနောက်ဘက်ခြမ်းတွင် တိုက်ပွဲများ ယနေ့အချိန်ထိ ဆက်လက်ဖြစ်ပေါ်နေသည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)နာယက ဒုတိယဗိုလ်ချုပ်ကြီး စ၀်ဆေထင် က တော်ဝင်နှင်းဆီတွင် ကျင်းပပြုလုပ်သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ တွင် ပြောကြားခဲ့သည်။

လက်ဖက်များခူးယူခြင်း နည်းပါးလာခြင်းကြောင့် လက်ဖက်စို ၊ လက်ဖက်ခြောက်ပြုလုပ်သူများအနေဖြင့် လက်ဖက်စစ်စစ်မရောင်းချ
တော့ဘဲ ရောနှောကာ ရောင်းချခြင်း များပြားလာကာ အရည်အသွေး ပိုင်းတွင် လျော့ကျသွားခြင်းဖြစ်သည်ဟု လက်ဖက်စိုက်တောင်သူများထံမှ သိရှိရသည်။

“ကုန်ကြမ်းအရည်အသွေးလျော့ကျလာတာ တစ်မျိုးတည်းမဟုတ်ဘူး လက်ဖက်စို လက်ဖက်ခြောက်တွေကို တံဆိပ်အမျိုးမျိုးနဲ့ ထုတ်ပြီး တစ်ချို့တံဆိပ်တွေက လက်ဖက်ထဲကို မကောင်းတာတွေနဲ့
ရောရောင်းလာကြတာတွေလည်း ရှိတယ်၊ အဲဒါတွေ ကြောင့် ရောင်းအားက တစ်နှစ်လုံးအေးနေတယ်” ဟု ကျောက်မဲမြို့ရှိ `ဖိုးလမင်း´ လက်ဖက်နှင့် အကြော်စုံ လုပ်ငန်း မှ ကိုအိုက်မိုးက ပြောသည်။

လက်ဖက်စို/ခြောက်များကို တံဆိပ်အမျိုးမျိုးနှင့် နေရာအနှံ့တွင်
ရောင်းချလျက်ရှိပြီး လက်ဖက်အစိုများ တွင် မန်ကျည်းရွက်များရောခြင်း၊ လက်ဖက်ခြောက်များတွင် `ဒေါင်းယ´ရွက်များရောနှောရောင်းချခြင်းမှာ လက်ဖက်ဝယ်လိုအားကို လျော့ကျစေသော အကြောင်းအရင်း
တစ်ခုဖြစ်သည်ဟု ၄င်းက ဆက်လက်ပြောသည်။

လက်ဖက်စို နှင့် လက်ဖက်ခြောက်ရောင်းအားလျော့နည်းလာသည်မှာ မှန်သော်လည်း ပြည်ပသို့ တင်ပို့ရောင်းချခြင်း မရှိသ၍
ရောင်းအားဆက်လက်တက်နိုင်ဖွယ်မရှိဟု ၀ါဆို လက်ဖက်နှင့်
အကြော်စုံလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောဆိုသည်။

“လက်ဖက်အစို ရောင်းအားက ပုံမှန်ပါပဲ၊ ပထမတန်းစားက တစ်ပိသာကို (၅၀၀၀)ကျပ်ရှိတယ်။ ဒုတိယတန်းစား တစ်ပိသာကို (၃၅၀၀-၄၀၀၀) တန်လောက်ပဲ ခပ်အေးအေးရောင်းရတယ်၊ လက်ဖက်က ပြည်တွင်း စားသောက် ကုန်လိုမျိုးပဲ ဖြစ်နေတော(့ Export )တင်ပို့တာတွေ
မရှိလာမခြင်း ဒီလိုခပ်အေးအေးရောင်းနေရမှာပဲ “ ဟု ၀ါဆို လက်ဖက်နှင့်အကြော်စုံလုပ်ငန်းမှ ဦးဥသြ က ပြောသည်။

ကျောက်မဲဈေးကွက်အတွင်းတွင် လက်ဖက်စိုမှာ အကောင်းနှင့်
အညံ့နှစ်မျိုးရှိပြီး အကောင်း တစ်ပိသာလျှင် တစ်ထောင်ကျပ် မှ နှစ်ထောင် ကျပ်ဝန်းကျင်သာရှိကြောင်း ၊ အညံ့မှာ အကောင်းနှင့် ဈေးသိပ်
မကွာကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။

လက်ဖက်ခြောက် ဈေးကွက်တွင် ပထမတန်းစားလက်ဖက်ခြောက်မှာ တစ်ပိသာလျှင် (၅၀၀၀) ကျပ်ဝန်းကျင်၊ ဒုတိယတန်းစား မှာ(၃၅၀၀-၄၀၀၀)ကျပ်ဝန်းကျင်နှင့် တတိယတန်းစားအပွခြောက်မှာ တစ်ပိသာ(၂၃၀၀-၂၅၀၀) ကျပ်ဝန်းကျင် ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှထွက်ရှိသော လက်ဖက်စို/ခြောက်များနှင့် ပဲကြော်၊ ပဲလှော်များကို အဓိကအားဖြင့် လားရှိုး၊ မူဆယ်မြို့များသို့ တင်ပို့ရောင်းချင်္ပြီး ဆိုင်ကြီးအချို့မှာ မြန်မာပြည်အလယ်ပိုင်း မုံရွာမြို့များထိ တင်ပို့ ရောင်းချ
ကြောင်းသိရသည်။

နေဖြိုးမြင့် ရှမ်း/မြောက် ( မြစ်မခ )
Myit Makha Mediagroup

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here