Monday, December 31, 2012

Black-Box ဆိုတာဘာလဲ

0 comments


Black-box  ဆိုတာလေယာဉ်  မတော်တဆချို့ယွင်းပြီးပျက်ကျခဲ့ လို့ရှိရင်ဖြစ်စဉ်ကိုမှတ်တမ်းတင် ထားနိုင်တဲ့ တစ်ခုတည်းသောပစ္စည်း     ဖြစ်ပါတယ်။ Black-box ကို လေယာဉ်ထုတ်လုပ်တဲ့ စက်ရုံကလေ ယာဉ်ရဲ့ အထိ
အခိုက်အနည်းဆုံး နေရာဖြစ်တဲ့ လေယာဉ်ရဲ့ အမြီး ပိုင်းမှာတပ်ဆပ်ပေးလေ့ရှိပြီး။ လိမ္မ်ာရောင်အဆင်းကို အသုံးပြု  လေ့ရှိပါတယ်။
Black-box  ကိုသြစတေးလျ နိုင်ငံသားဒေးဗစ်ဆိုသူက ၁၉၅၃ ခု ဒီဇင်ဘာ ၁၇ ရက်မှာ တီထွင် ခဲ့တယ်လို့သိ
ရပါတယ်။ Black-box မှာ အဓိကအစိတ်အပိုင်းနှစ်  မျိုးပါဝင်ပါတယ်။ လေယာဉ်ပျံသန်းမှုအချက်အလက်တွေ
ကို မှတ်သားပေးတဲ့ (Flight Data Recorder FDR) နဲ့ လေယာဉ် အမှုထမ်းများစကားပြောဆက်သွယ်မှုကို မှတ်
သားပေးတဲ့ (Cockpit Voice Recorder CVR) တို့ပဲဖြစ်ပါတယ်။ အဲဒီအချက်အလက်တွေကိုသိမ်းပေးတဲ့ပစ္စည်း
ကလည်းနှစ်မျိုးရှိပါသေးတယ်။ Magnotic tape နဲ့ Solid state dtevice ပါ။ Magnetic tape     ကတော့ခံနိုင်ရည်
သိပ်မရှိဘဲ ပျက်စီးလွယ်ပါတယ်။ Solid state dtevice ကတော့ အချက်အလက်တွေကိုမြန်မြန် သိမ်းဆည်းနိုင်
ပါတယ်။
Black-box ကဘာတွေသိမ်း ပေးသလဲဆိုတော့ လေယာဉ်ပျံသန်းမှုအရှိန်နှုန်း၊အမြန်နှုန်း၊ တောင်ပံအနေအ
ထား၊ ပြင်ပအပူချိန်၊ အတွင်းအပူချိန်၊ ဖိအား၊ပင်လယ်  မြေမျက်နှာပြင်အမြင့်၊ အင်ဂျင်စွမ်း    ဆောင်မှုစတဲ့
အချက်အလက် (၇၀၀)လောက်ကိုမှတ်သားပေးပါ တယ်။  on-board generator ပါပြီး  DC- 28V သို့ AC 115 V ပါဝါ ပေးရပါတယ်။
CVR က လေယာဉ်အတွင်း မှာရှိတဲ့ အသံတွေအားလုံးကို မှတ်တမ်းတင်ထားပြီး အဲဒီ device ထဲမှာ မိုက်ခ
ရိုဖုန်းလေးများ ပါဝင်ပြီး digital Format နဲ့ သိမ်း ပါတယ်။ အသံတိုးနေရင်အသံချဲ့   ပြီး သိမ်းပေးပါတယ်။
Storage device က Magnetic tape ဆိုရင် မိနစ် (၃၀) သာသိမ်းနိုင်ပြီး Solid-state ဆိုရင်တော့ (၂) နာရီ  စာသိမ်းပေးမှာပါ။ သိမ်းနိုင်တဲ့ ဒေတာပြည့်တိုင်းနောက်ထပ်အသစ်  သိမ်းမယ့်ဒေတာတွေကို Overwrite နည်းကိုသုံးပြီးသိမ်းမှာပါ။
FDR ကတော့ ပျံသန်းမှုစနစ် တစ်ခုလုံးရဲ့ အချက်အလက်မှတ် တမ်းတွေ သိမ်းတာဖြစ်တော့ ခလုတ်လေး
တစ်ခုရဲ့အဖွင့်အပိတ်  က အစမှတ်တမ်းတင်ပေးမှာပါ။ Solid state device နဲ့ သိမ်းမယ်ဆို ရင်ပိုမြန်ပြီး (၂၅) နာရီကြာတဲ့ အထိ သိမ်းဆည်းမှတ်တမ်းတင် ပေးနိုင်ပါတယ်။
ဒါကြောင့်လေယာဉ်တစ်စီး ရဲ့ မတော်တဆမှုဖြစ်ရတဲ့အကြောင်း ရင်းကို စစ်ဆေးပေးနိုင်တဲ့ Black-box ထဲမှာပါတဲ့ FDR နဲ့ CVR ကို Crash-surviable memory units (CSMUS) လို့ခေါ်ပြီး Black-box ရဲ့ အသုံးဝင်
မှုအကြောင်း တင်ပြလိုက်ရပါတယ်။
hot news




Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here