Sunday, December 2, 2012

ဖဲကြိုးဖြူနေ့ တောင်ကြီးတွင် ကျင်းပမည်

0 comments
ဒီဇင်ဘာ(၂)

အမျိုးသမီးများ အကြမ်းဖက်မှု ရပ်တန့်ရေးနေ့၊ ဖဲကြိုးဖြူနေ့ကို တောင်ကြီးတွင် ကျင်းပမည်ဟု  ပွဲစီစဉ်သူများထံမှ သိရသည်။


ပြီးခဲ့သည့်
ရက်ပိုင်းအတွင်း တွေ့ရသည့် တောင်ကြီးတန်ဆောင်တိုင်ညတည မြင်ကွင်းတခု
နေရာမှာ ကျောင်းကြီးစုရပ် ရှိ ရှမ်းစာပေ နှင့် ယဉ်ကျေးမှု အသင်းခန်းမတွင် ဖြစ်ပြီး ကျင်းပမည့်နေ့မှာ ဒီဇင်ဘာ ၆ ရက်နေ့ ဖြစ်သည်။

      တောင်ကြီးတွင်  ဖဲကြိုးဖြူနေ့ကို ပထမ ဦးဆုံးအကြိမ် လူသိရှင်ကြား ကျင်းပခြင်းဖြစ်ကြောင်း၊ ယခင်နှစ်တုန်းကတော့ နီးစပ်ရာ မိတ်ဆွေ အသိုင်းအ၀ိုင်းများနှင့် မထင်မရှား ပြုလုပ်ခဲ့ကြောင်း ပွဲစီစဉ်သူ  မသန္တာဦး ကပြောသည်။

 ယခင်ကထက် ပိုမိုကျယ်ပြန့်စေချင်တဲ့အတွက် ဖဲကြိုးဖြူနေ့အား အမျိုးသမီး၊ အမျိုးသား အားလုံးကိုလာဖို့ ဖိတ်ခေါ်ကြောင်း၊ အမျိုးသမီး အခွင့်အရေးနေ့ ဆိုပေမယ့် အမျိုးသားတွေနဲ့လည်း သက်ဆိုင်ကြောင်း၊ တိုင်းပြည် တည်ဆောက်ရေး နယ်ပယ်အသီးသီးမှာ အမျိုးသမီးတွေ ပါဝင်လာစေရန် နှင့် အမျိုးသမီးများ အကြမ်းဖက်မှု ရပ်တန့်ရေး၊ ခွဲခြားမှု လျော့နည်းစေဖို့၊ လိင်ကျွန်ပြုခံ ရမှု ပပျောက်စေရန် ရည်ရွယ်ပြီး ဖဲကြိုးဖြူနေ့အား ကျင်းပခြင်းဖြစ်ကြောင်း မသန္တာဦးက ဆက်ပြောသည်။

 ပွဲခွင့်ပြုမိန့်ရရန်လည်း ၂လခန့် ကြိုတင်ပြီး ပြည်နယ်ဝန်ကြီးချုပ်ထံ ခွင့်ပြုမိန့်တင်ခဲ့ရကြောင်း သိရသည်။

     တောင်ကြီးမြို့နေ မသွယ်သွယ်အေးက  ရန်ကုန်မြို့တွင်လည်း နိုဝင်ဘာ၂၅ ရက်နေ့က ဖဲကြိုးဖြူနေ့ အထိမ်းအမှတ် စီတန်းလည့်လည်မှုများ၊ လမ်းလျှောက်ပွဲများ ကျင်းပခဲ့ကြောင်း တွေ့ရပြီး ရှမ်းပြည်နယ်မှာတော့ ဖဲကြိုးဖြူနေ့ ကျင်းပတာ ပထမဦးဆုံး အကြိမ်ဖြစ်ကြောင်း  ပြောပြသည်။


ဧရာဝတီဘလော့

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here