Sunday, December 2, 2012

Thai PBSရုပ်သံလှိုင်းမှကျင်းပသည့် Edutainment Festivalမှာပအိုဝ်းတိုင်း ရင်းသားများ ပါဝင်

0 comments
ဒီဇင်ဘာ(၂)


ထိုင်းနိုင်ငံတွင် မီဒီယာလွတ်လပ်ခွင့် အပြည့်အ၀ရှိပြီး လူထုပူးပေါင်း ပါဝင်မှုအားကောင်းသည့် Thai PBS ရုပ်သံလွင့်ဌာနမှ ပထမဆုံးကြိမ် ကျင်းပသည့်Edutainment Festival ပွဲတော်ကြီးမှာ ပြည်ထောင်စုဖွား ပအိုဝ်းတိုင်းရင်းသားများနှင့် နီပေါ (နေပါလီ) တိုင်းရင်းသားများလည်း မိမိတို့ ရိုးရာယဉ်ကျေးမှု အကဖြင့် ပူးပေါင်းပါဝင် တင်ဆက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Thai PBS ရုပ်သံလှိုင်းမှ ကျင်းပသည့် Edutainment Festival မှာ ကိုယ်စီအပြုံးများဖြင့်
တွေ့ရသည့် ပအိုဝ်းတိုင်းရင်းသားနှင့် (နီပေါ) နေပေါလီ တိုင်းရင်းသား (Photo By Thai PBS)

"Thai PBS ရုပ်သံလွင့်ဌာနမှ ပထမဆုံးကြိမ် ကျင်းပတဲ့ Edutainment Festival ပွဲတော်ကြီးမှာ ပြည်ထောင်စုဖွား ပအိုဝ်းတိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အကနဲ့ ဖျော်ဖြေခွင့်ရတာ အထူးပဲ ၀မ်းသာဂုဏ်ယူမိပါတယ်၊ လွန်ခဲ့တဲ့ သြဂုတ်လ တုန်းကလည်း ကျနော်တို့ ပအိုဝ်းတိုင်းရင်းသားများအကြောင်းကို Thai PBS ရုပ်သံလွင့်ဌာနက သမိုင်းဇာတ်လမ်းတွဲပုံစံနဲ့ (၄) ပိုင်း ထုတ်လွင့်ပေးခဲ့ဖူးတယ်။ အခုလည်း အဲဒီ ဖန်ဆဲန်ရွန် အစီအစဉ်ကနေ တစ်ဆင့် ဖိတ်ခေါ်မှုနဲ့ လာရတာဖြစ်ပါတယ်။ ဘယ်လို့ပဲပြောပြော မီဒီယာအခန်းကဏ္ဍအနေဖြင့် အများကြီး အကျိုးကျေးဇူးရှိပါတယ်" ဟု ထိုင်းနိုင်ငံရောက် ပအိုဝ်းအလုပ်သမားသမဂ္ဂ ဦးဆောင်သူ ခွန်မောင်းခမ်း မှ ပြောသည်။

ဒီအစီအစဉ်မှာ ထိုင်း PBS ရုပ်သံလွင့်ဌာနကို စေတနာထက်သန်စွာဖြင့် ပူးပေါင်းပါဝင်လာသည့် အင်းအားများကတော့ ကျန်းမာရေးညီညွတ်စေတဲ့ လက်နှိပ်ဝန်ထမ်းများ၊ အသက်မွေးဝမ်းကျောင်းဖို့ အခမဲ့ပညာသင်ပေးခြင်း၊ သက်သာချောင်းချိရေးအတွက် ဈေးပွဲတော်၊ အခမဲ့ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ပြည်သူလူထုများ ရင်ဆိုင်ကြုံတွေ့ရသော အခက်အခဲ တိုင်ကြားစာ လက်ခံခြင်း၊ လူပျောက်ကြော်ငြာ လက်ခံပေးခြင်း၊ ဥပဒေရေးရာ အကြံပေး ဆွေးနွေးခြင်းလည်း ပါဝင်သည်။

ထိုင်းနိုင်ငံ Thai PBS ရုပ်သံလွင့်ဌာနမှ လူထုအကျိုးပြု မီဒီယာကို စိတ်ဝင်စားသည့် ထိုင်းပြည်သူလူထုများကိုလည်း အကျယ်တ၀င်း ဖိတ်ကြားတက်ရောက်လာသည်။ စစ်မှန်သော လူထုအကျိုးအနေဖြင့် သုတ ရသ ဗဟုသုတများ ပြည့်စုံသော ပျော်ရွင်ခြင်းနှင့် ဆန်းသစ်သော လေ့လာသင်ယူခြင်းများနဲ့အတူ အတွေ့အကြုံကောင်းများကို အကျိုးရှိရှိ နှီးနှောဖလှယ်ကြပါသည်။

ထိုင်းနိုင်ငံ Thai PBS ရုပ်သံလွင့်ဌာနကို အားပေးကြည့်ရှုသော ပရိသတ်များတို့ တဖက်တစ်လမ်းကနေ ပူးပေါင်းပါဝင်မှုရှိစေဖို့အတွက် ဒီပွဲတော်မှာ ပညာပေးတဲ့အပိုင်း၊ ပြည်သူလူထု ပူးပေါင်းပါဝင်တဲ့ အပိုင်း၊ သုတ ရသ ဖျော်ဖြေရေး အပိုင်းဆိုပြီး (၃) မျိုးခွဲထားပြီး စုံလင်စွာ တင်ပြကြောင်းလည်း သိရပါသည်။



taunggyi time

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here