Tuesday, December 4, 2012

စင်ကာပူသင်္ဘောကျင်း မတော်တဆမှု ၈၉ ဦးဒဏ်ရာရ

0 comments
ဒီဇင်ဘာ(၄)

ဒဏ်ရာရရှိသူများကို ဆေးရုံ ၄ ရုံသို့ တင်ပို့ခဲ့ရပြီး ၎င်းတို့အနက် ၈၀ ဦးမှာ ဆေးရုံမှ ဆင်းသွားပြီဖြစ်သည်။ ကျန်ရှိသော ဒဏ်ရာရရှိသူများအနက် ၆ ဦးမှာ သာမန်လူနာဆောင်တွင် ကုသမှုခံယူနေရပြီး ၃ ဦးမှာမူ စောင့်ကြပ်ကြည့်ရှုရသည့် အခြေအနေတွင်ရှိကြောင်း CNA သတင်းက ဖော်ပြသည်။

စင်ကာပူသင်္ဘောကျင်း မတော်တဆမှု ၈၉ ဦးဒဏ်ရာရ
စင်ကာပူနိုင်ငံရှိ Jurong သင်္ဘောကျင်းတွင် လုပ်ငန်းခွင် မတော်တဆမှုဖြစ်ပွားခဲ့ရာ သင်္ဘောကျင်းလုပ်သား ၈၉ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။ ဒဏ်ရာရရှိသူများကို ဆေးရုံ ၄ ရုံသို့ တင်ပို့ခဲ့ရပြီး ၎င်းတို့အနက် ၈၀ ဦးမှာ ဆေးရုံမှ ဆင်းသွားပြီဖြစ်သည်။ ကျန်ရှိသော ဒဏ်ရာရရှိသူများအနက် ၆ ဦးမှာ သာမန်လူနာဆောင်တွင် ကုသမှုခံယူနေရပြီး ၃ ဦးမှာမူ စောင့်ကြပ်ကြည့်ရှုရသည့် အခြေအနေတွင်ရှိကြောင်း CNA သတင်းက ဖော်ပြသည်။ တနင်္လာနေ့မွန်းလွဲပိုင်းက Tanjong Kling လမ်းမပေါ်ရှိ Jurong သင်္ဘောကျင်း လုပ်ငန်းခွင်တွင် မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စင်ကာပူနိုင်ငံ လူ့စွမ်းအားဝန်ကြီးဌာန (Ministry of Manpower - MOM) က အတည်ပြုပြောကြားသည်။

jurong shipyard
 Myanmar Express 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here