Friday, December 7, 2012

ကလောမြို့တွင် အမျိုးသားတစ်ဦးရွှေကျင်းထဲပြုတ်ကျသေဆုံး

0 comments
ဒီဇင်ဘာ(၇)




ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် ရွှေမင်းဖုန်းရွာအနီးမှာရှိတဲ့ ရွှေလုပ်ကွက်တစ်ခုမှာ ဒီဇင်ဘာလ (၆) ရက်နေ့ မနက်ပိုင်းက အမျိုးသားတစ်ဦး ရွှေတူးသည့်ကျင်းထဲသို့ပြုတ်ကျပြီး သေဆုံးခဲ့ကြောင်းသိရပါသည်။

သေဆုံးသွားတဲ့သူက ကိုနိုင်လင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဆင်ဆိပ်ရွာ က ဖြစ်ပါတယ်။ ကလောမြို့က အာရှ ကမ္ဘာမြေရွှေလုပ်ကွက်မှာ အလုပ်လုပ်နေတာ (၁)  နှစ်ကျော် ကြာ ပြီဖြစ်ကြောင်း သိရပါတယ်။ ``အဲဒီနေ့မနက်က ကျွန်တော်နဲ့ကိုနိုင်လင်း တွင်းအမှတ် (၇၈)ထဲကို ဆင်းပြီးတော့ ရွှေဗြုန်းတူးကြပါ တယ်။ တစ်နာရီလောက်ကြာတော့ ကျွန်တော်တို့ နှစ်ယောက် စလုံးအသက်ရှူကြပ်လာကြတယ်။ ခေါင်း မူးလာပြီး မျက်စိတွေလဲပြာလာ တယ်။ ဒါကြောင့်နှစ်ယောက်စလုံး ကြိုးနဲ့ ပြန်တက်လာပါတယ်။ ကျင်းက ပေ(၁၀၀) ကျော်လောက် နက်ပါတယ်။ ကျွန်တော်အပေါ်ရောက်တဲ့အချိန်မှာ ကိုနိုင်လင်း ပေ(၇၀) အမြင့်လောက် ကနေ ပြုတ် ကျသွားတာပါလို့´´ ရွှေကျင်းထဲမှ အတူပြန်တက်လာသူ ကိုမျိုးကိုဦးမှ ပြောပြပါတယ်။

ကိုနိုင်လင်း သေဆုံးမှုကိုတော့ ကလောမြို့နယ်ရဲစခန်းက အမှုဖွင့်စစ်ဆေးနေပါတယ်။ ရွှေကျင်း ပိုင်ရှင်တွေအနေနဲ့ ရွှေကျင်းထဲမှာ အလုပ် လုပ်နေတဲ့ အလုပ်သမားတွေအတွက် အောက်ဆီဂျင် ဗူးတွေ ထုတ်ပေးသင့်ပါတယ်။ အသုံးပြုနေတဲ့ စက်ပစ္စည်းကရိယာတွေရဲ့ ကြံ့ခိုင်မှုတွေကိုလဲ အမြဲစစ်ဆေးပေးပြီး အလုပ်သမားတွေရဲ့  ကျန်းမာရေးကိုလည်း ဂရုစိုက်သင့်ပါတယ်။ ကိုနိုင်လင်း သေဆုံးရတဲ့ အကြောင်းအရင်းကို သာဓကယူပြီး ရှမ်းပြည်နယ်မှာ ရွှေတူးနေကြတဲ့ မိတ်ဆွေများ အားလုံးကို သတိထားလုပ်ကိုင် ကြဖို့ ဖော်ပြေပေးလိုက်ပါတယ်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here