Friday, December 7, 2012

နိုင်ငံတော်မှ ပန်ဆန်းဒေသ ဖွံ့ဖြိုးရေး အတွက် စာချုပ်ပါ အချက်များကို အကောင် အထည်ဖော် ထိန်းသိမ်း စောင့်ရှောက် သွားမည်

0 comments
ဒီဇင်ဘာ(၇)


ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနှင့် အဖွဲ့အား တိုင်းရင်းသား၊ တိုင်းရင်း သူများက ကြိုဆို နှုတ်ဆက်ကြစဉ်။
 
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌများ ဖြစ်ကြသည့် သမ္မတရုံး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနှင့် ပြည်သူ့ လွှတ်တော် တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌ
 ဦးသိန်းဇော်၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး၊ ဦးခင်မောင်စိုး၊ ဦးအုန်းမြင့်၊ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဦးမောင်မောင်ဆွေ၊ တိုင်းမှူး ဗိုလ်မှူး ချုပ် အောင်စိုးနှင့် ဗိုလ်ချုပ် သန်းထွန်းဦး နှင့်တာဝန် ရှိသူများသည် ဒီဇင်ဘာ ၄ ရက် နံနက် ၁၁ နာရီခွဲက တပ်မတော် ရဟတ်ယာဉ် များဖြင့် ပန်ဆန်းမြို့သို့ ရောက်ရှိကြရာ ပန်ဆန်း အထူးဒေသ(၂) ဒုတိယ ဥက္ကဋ္ဌ ဦးရှောက် မင်လျှံနှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းသား၊ တိုင်းရင်း သူများက ကြိုဆို နှုတ်ဆက်ကြ သည်။
ထို့နောက် ဒုတိယ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင် များနှင့် တာဝန် ရှိသူများသည် ပန်ဆန်း အထူးဒေသ (၂) ဒုတိယ ဥက္ကဋ္ဌ ဦးရှောက် မင်လျှံနှင့် အဖွဲ့ဝင် များအား အထူး ဒေသ(၂) ဌာနချုပ် အစည်း အဝေး ခန်းမ၌ တွေ့ဆုံပြီး  ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးကြ သည်။
တွေ့ဆုံပွဲတွင် ပန်ဆန်း အထူး ဒေသ(၂) ဒုတိယ ဥက္ကဋ္ဌ ဦးရှောက် မင်လျှံက နိုင်ငံတော်မှ မိမိတို့ ပန်ဆန်းဒေသ ဖွံ့ဖြိုးရေး အတွက် အစဉ်တစိုက် ကူညီ ခဲ့မှုအား ကျေးဇူး တင်ရှိပါ ကြောင်း၊ နောင်မှာလည်း ဆက်လက် ကူညီပေးစေ လိုပါကြောင်း၊ ပြည်ထောင်စု အစိုးရ အဖွဲ့၊ ပြည်နယ် အစိုးရ အဖွဲ့တို့နှင့် အထူး ဒေသ(၂) အဖွဲ့တို့ ချုပ်ဆိုထားသည့် စာချုပ်ပါ အချက် များကို အကောင် အထည်ဖော် ထိန်းသိမ်း စောင့်ရှောက် သွားမည် ဖြစ်ပါကြောင်း၊ အထူး ဒေသ(၂) အနေဖြင့် နိုင်ငံတော်မှ ခွဲထွက် သွားမည့် ဆောင်ရွက်ခြင်း မျိုးကို မည်သည့် အခါမှ ဆောင်ရွက် သွားမည် မဟုတ်ပါ ကြောင်းနှင့် လိုအပ်သော အကူအညီ များကိုလည်း ဆက်လက် ကူညီပေးစေ လိုကြောင်းဖြင့် ရှင်းလင်း ပြောကြားသည်။
 
ရွှေနိုင်ငံ
 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here