Friday, December 7, 2012

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးတွင် ပြုလုပ်ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ

0 comments
ဒီဇင်ဘာ(၇)

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး လီကျွန်ဟွက ယနေ့တရုတ်သံရုံးမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ။Photo by - News of Myanmar
 
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လက်ပံတောင်းတောင်အရေး စုံစမ်း စစ်ဆေးမှု ကော်မရှင်နှင့် အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ကော်မရှင်မှ မှန်ကန်သည့် ရလဒ်များ ထွက်လာမည်ဟု ယုံကြည်ပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက မီဒီယာများသို့ ယနေ့ပြောကြား လိုက်သည်။

"တရုတ်-မြန်မာ နှစ်နိုင်ငံအတွက် အကျိုးရှိမယ်၊ အကြံကောင်းဥာဏ်ကောင်း ဖြစ်လာမယ်ဆိုရင် ကော်မရှင်ရဲ့ ရလဒ်ကို လက်မခံနိုင်စရာ မရှိပါဘူး"ဟု ၎င်းက ပြောကြားသည်။

ကော်မရှင်၏ စုံစမ်းစစ်ဆေးမှု ရလဒ်သည် စီမံကိန်း ရပ်ဆိုင်းရေးဖြစ်ပါက တရုတ်အစိုးရ၏ သဘောထား 

မည်သို့ရှိမည်ကို မီဒီယာများက မေးမြန်းရာတွင် သံအမတ်ကြီးက "စုံစမ်းမှု ရလဒ်ကို ကြိုပြီးမခန့်မှန်းချင်ပါဘူး။ ရလဒ်ကို ကျွန်တော်တို့ စောင့်နေပါတယ်။ အဲဒါထွက်လာမှပဲ ကျွန်တော်တို့ လက်ခံ၊ မခံဆိုတာ အဖြေ ပေးနိုင်ပါမယ်။ ကော်မရှင်က ပြည်သူကို တာဝန်ကျေတဲ့ ရလဒ်ပေးမယ်လို့ မျှော်လင့်ပါတယ်" ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးတွင် ယနေ့နံနက် ၁၀ နာရီခွဲက ပြုလုပ်ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲသို့ ပြည်တွင်း မီဒီယာစုစုပေါင်း ၁၅ ခုခန့် တက်ရောက်ကြောင်း သံရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

Copy from - 7Day News Journal

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ မြန်မာနိုင်ငံဘက်က ကျင့်သုံးနေတဲ့ ဥပဒေများနဲ့ ကိုက်ညီမှုရှိကြောင်း မြန်မာနိုင်ငံရဲ့ မြေယာဥပဒေအရ လယ်ယာမြေ တစ်ဧကအတွက် လျော်ကြေး ငွေပေါင်း မြန်မာကျပ်ငွေ ငါးထောင် ကျပ်ဖြစ်ကြောင်း ၀မ်ပေါင်ကုမ္မဏီက ညှိနှိုင်းပြီး ဒေသခံများရဲ့ တောင်းဆိုချက် ပေါ်မူတည်ပြီး တစ်ဧကကို မြန်မာ ကျပ်ငွေ ငါးသိန်းငါးသောင်း ပေးခဲ့ကြောင်း စီမံကိန်းကြောင့် သိန်းတဲ့မြေဧက ခြောက်ထောင်ကျော်ရှိကြောင်း စုစုပေါင်းလျော်ကြေးငွေ အမေရိကန်ဒေါ်လာ ငါးသန်းကျော် ပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး လီကျွန်ဟွက ယနေ့တရုတ်သံရုံးမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ် ။
 
News of Myanmar

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here