Monday, December 31, 2012

တရုတ်ထုတ် ပဲပြားနှင့်ပဲချောင်းများ၌ ဓါတုဆိုးဆေးများပါဝင်နေ

0 comments
ဒီဇင်ဘာ(၃၁)

တရုတ်ထုတ် ပဲပြားနှင့်ပဲချောင်းများ၌ ဓါတုဆိုးဆေးများပါဝင်နေ Monday, 31 December 2012  ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ရှိ စာသင်ကျောင်းအချို့တွင် တရုတ်နိုင်ငံမှ ၀င်ရောက်လာသော ပဲပြားနှင့် ပဲချောင်းများ၌ ဓာတုဆိုးဆေး များပါဝင်နေသည့်အတွက့်  အဆိုပါမုန့်များအား ရောင်းချခြင်း မပြုရန် တားမြစ်ထားသော်လည်း ယခုအချိန်တိုင် ဆက်လက်ရောင်းချ လျှက်ရှိသည်ဟု ကျောင်းသူ ၊ ကျောင်းသားများထံက သိရှိရသည်။  “ဆရာ/မတွေမသိအောင် ကျောင်းဝန်းထဲကိုလာပြီး ဈေးသည်တွေက ခိုးရောင်းနေတာ၊ အဲ့ဒီ မုန့် တွေက ကျန်းမာရေးနဲ့ မညီညွတ်ပေမယ့်  ဈေးပေါပေါနဲ့ဝယ်လို့ရတော့ အငယ်တန်း ကလေးတွေက အရမ်းစားကြတယ် “ ဟု အခြေခံပညာအထက်တန်းကျောင်း  တစ်ကျောင်းမှ န၀မတန်း ကျောင်းသူ တစ်ဦးက ပြောသည်။  တရုတ်နိုင်ငံမှ ၀င်ရောက်လာသော ပဲပြား/ပဲချောင်းများနှင့် ဓာတုဆိုးဆေးများပါဝင်သောမုန့်များမှာ ကျန်းမာရေးညီညွတ်မှု မရှိသောကြောင့် (၂၀၁၂) ခုနှစ် စာသင်နှစ်အစောပိုင်းမှစတင်၍ စာသင်ကျောင်း များတွင် ရောင်းချခြင်း မပြုရန်တားမြစ်ထားခြင်းဖြစ်သည်။  “အဲ့ဒီမုန့်တွေက အမှိုက်ပစ်တဲ့နေရာမှာတောင် အထုပ်လိုက် ပစ်ထားကြတာ၊ ကျောင်းတွေမှာက ခိုးရောင်းနေတုန်းပဲဆိုတော့  ၀ယ်စားမိတဲ့ ကလေးငယ်တွေအတွက်စိုးရိမ်ရတယ်၊ ဈေးဆိုင်တွေကို အခုထက်ပိုပြီး သေချာကြပ်မတ် သင့်တယ် “ဟု ကျောင်းသား မိဘတစ်ဦးဖြစ်သူ ဒေါ်မျိုးမျိုးက ပြောသည်။  ရောင်းချခွင့်မပြုသော တားမြစ်မုန့်တွေမှာ များသောအားဖြင့် ကလေးငယ်များ၏ ကျန်းမာရေးနှင့် မညီညွတ်သော တရုတ်နိုင်ငံမှ ၀င်ရောက်လာသည့် ဆိုးဆေးပါဝင်သောမုန့်များနှင့် ပဲပြား/အစပ် ချောင်းများဖြစ်ပြီး အဆိုပါမုန့်များကို စားသောက်ခြင်းဖြင့် ၀မ်းပျက်ဝမ်းလျှောရောဂါများနှင့် အစာအိမ် လမ်းကြောင်းဆိုင်ရာ ရောဂါများ   ဖြစ်ပွားစေနိုင်ကြောင်း   ကျောက်မဲမြို့ရှိ ဆရာဝန်ကြီး  တစ်ဦးက သုံးသပ်သည်။  “ကျမရဲ့ကျောင်းမှာတော့ ကျောင်းတွင်းမုန့်ဆိုင်ကို ကျောင်း ကျန်းမာရေးအဖွဲ့ကနေ အနည်းဆုံး တစ်ပတ်ကို တစ်ခါလောက် ကျန်းမာရေးစစ်ဆေးမှုလုပ်တယ်၊ တားမြစ်မုန့်တင်မကဘူး ယင်နား စာတွေနဲ့ ၀မ်းပျက်ဝမ်းလျှော ဖြစ်စေနိုင်တဲ့ အစားအစာတွေကိုပါ မရောင်းချခိုင်းပါဘူး “ ဟု ကျောက်မဲမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းခွဲမှ ကျောင်းအုပ် ဆရာမကြီးကပြောသည်။  ကျောက်မဲမြို့တွင် စာသင်ကျောင်း (၆၀)ကျော်ခန့်ရှိပြီး အချို့သော ကျောင်းများတွင် ဓာတုဆေးဝါး ပါသော တရုတ်မုန့်များကို ရောင်းချ လျက်ရှိကြောင်း သိရသည်။  နေဖြိုးမြင့် ရှမ်း/မြောက် ( မြစ်မခ ) Myit Makha Mediagroup

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ရှိ စာသင်ကျောင်းအချို့တွင် တရုတ်နိုင်ငံမှ ၀င်ရောက်လာသော ပဲပြားနှင့် ပဲချောင်း များ၌ ဓာတုဆိုးဆေးများပါဝင်နေသည့်အတွက့်  အဆိုပါမုန့်များအား ရောင်းချခြင်း မပြု ရန် တားမြစ်ထားသော်လည်း ယခုအချိန်တိုင် ဆက်လက်ရောင်းချလျှက်ရှိသည်ဟု ကျောင်းသူ ၊ ကျောင်းသားများထံက သိရှိရသည်။

“ဆရာ/မတွေမသိအောင် ကျောင်းဝန်းထဲကိုလာပြီး ဈေးသည်တွေက ခိုးရောင်းနေတာ၊ အဲ့ဒီ မုန့် တွေက ကျန်းမာရေးနဲ့ မညီညွတ်ပေမယ့် ဈေးပေါပေါနဲ့ဝယ်လို့ရတော့ အငယ်တန်း ကလေးတွေက အရမ်း စားကြ တယ် “ ဟု အခြေခံပညာအထက်တန်းကျောင်း တစ်ကျောင်းမှ န၀မတန်း ကျောင်းသူ တစ်ဦး က ပြော သည်။

တရုတ်နိုင်ငံမှ ၀င်ရောက်လာသော ပဲပြား/ပဲချောင်းများနှင့် ဓာတုဆိုးဆေးများပါဝင်သောမုန့်များမှာ ကျန်းမာရေးညီညွတ်မှု မရှိသောကြောင့် (၂၀၁၂) ခုနှစ် စာသင်နှစ်အစောပိုင်းမှစတင်၍ စာသင်ကျောင်း များတွင် ရောင်းချခြင်း မပြုရန်တားမြစ်ထားခြင်းဖြစ်သည်။

“အဲ့ဒီမုန့်တွေက အမှိုက်ပစ်တဲ့နေရာမှာတောင် အထုပ်လိုက်ပစ်ထားကြတာ၊ ကျောင်းတွေမှာက ခိုးရောင်းနေတုန်းပဲဆိုတော့ဝယ်စားမိတဲ့ ကလေးငယ်တွေအတွက်စိုးရိမ်ရတယ်၊ ဈေးဆိုင်တွေကို အခု ထက်ပိုပြီး သေချာကြပ်မတ် သင့်တယ် “ဟု ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်မျိုးမျိုးက ပြောသည်။

ရောင်းချခွင့်မပြုသော တားမြစ်မုန့်တွေမှာ များသောအားဖြင့် ကလေးငယ်များ၏ ကျန်းမာရေးနှင့် မညီညွတ်သော တရုတ်နိုင်ငံမှဝင်ရောက်လာသည့် ဆိုးဆေးပါဝင်သောမုန့်များနှင့် ပဲပြား/ အစပ် ချောင်း များဖြစ်ပြီး အဆိုပါမုန့်များကို စားသောက်ခြင်းဖြင့် ၀မ်းပျက်ဝမ်းလျှောရောဂါများနှင့် အစာအိမ် လမ်းကြောင်း ဆိုင်ရာရောဂါများ ဖြစ်ပွားစေနိုင်ကြောင်း ကျောက်မဲမြို့ရှိ ဆရာဝန်ကြီး တစ်ဦးက သုံးသပ် သည်။

“ကျမရဲ့ကျောင်းမှာတော့ ကျောင်းတွင်းမုန့်ဆိုင်ကို ကျောင်းကျန်းမာရေးအဖွဲ့ကနေ အနည်းဆုံး တစ်ပတ်ကို တစ်ခါလောက် ကျန်းမာရေးစစ်ဆေးမှုလုပ်တယ်၊ တားမြစ်မုန့်တင်မကဘူး ယင်နား စာတွေနဲ့ ၀မ်းပျက်ဝမ်းလျှော ဖြစ်စေနိုင်တဲ့ အစားအစာတွေကိုပါမရောင်းချခိုင်းပါဘူး “ ဟု ကျောက်မဲမြို့ အမှတ်(၁) အခြေခံ ပညာ အထက်တန်းခွဲမှ ကျောင်းအုပ် ဆရာမကြီးကပြောသည်။

ကျောက်မဲမြို့တွင် စာသင်ကျောင်း (၆၀)ကျော်ခန့်ရှိပြီး အချို့သောကျောင်းများတွင် ဓာတုဆေးဝါး ပါသော တရုတ်မုန့်များကို ရောင်းချလျက်ရှိကြောင်း သိရသည်။

Myit Makha Mediagroup

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here