Monday, December 31, 2012

ဒုတိယအကြိမ်မြောက် မြတ်ဆရာပူဇော်ကန်တော့ပွဲနှင့် ကျောင်းသား/သူဟောင်းများ တွေ့ဆုံပွဲ အခမ်းအနား အောင်မြင်စွာပြီးမြောက်

0 comments
ဒီဇင်ဘာလ ၃၁

ကျောင်းသား/သူဟောင်းများမှ ပြုလုပ်သော မြတ်ဆရာပူဇော်ကန်တော့ပွဲနှင့်  ကျောင်းသား/သူဟောင်းများ
 တွေ့ဆုံပွဲ အခမ်းအနားကို ၂၀၁၂ခုနှစ် ဒီဇင်ဘာ(၃၀)ရက်နေ့ ညနေ(၄)နာရီမှ ည(၉)နာရီထိ တာချီလိတ်မြို့ အ.ထ.က(တာချီလိတ်)ကျောင်းအတွင်းမှာ ပြုလုပ်ခဲ့ကြပါတယ်။

ည(၆)နာရီမှာ အသက်(၄၅)နှစ်အထက် ဆရာ/မများအား ကန်တော့ခြင်းအစီအစဉ်ကို စတင်ခဲ့ကြပြီး ဆရာ/မ
များအား လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း နှင့် မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ၊ ကျောင်အုပ်ဆရာကြီး
ဟောင်း ဦးခင်မောင်မြင့် နှင့်လက်ရှိကျောင်းအုပ်ဆရာကြီးဦးလှဝင်းတို့မှဆုံးမသြ၀ါဒစကား ပြောကြားခြင်း
များ ပြုလုပ်ခဲ့ကြပါတယ်။ ကျောင်းအုပ်ဆရာကြီးဟောင်း ဦးခင်မောင်မြင့်သည် ၁၉၉၂ခုနှစ်မှ ၂၀၀၀ခုနှစ်ထိ အ.ထ.က(တာချီလိတ်)တွင် ကျောင်းအုပ်ဆရာကြီးတာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

 
{မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ}
 {ကျောင်းအုပ်ဆရာကြီးဟောင်း ဦးခင်မောင်မြင့်}
ကန်တော့ခြင်းနှင့် ဆုံးမသြ၀ါဒစကားပြောကြားခြင်း အစီအစဉ်ပြီးသည့်နောက်မှာတော့ ဆရာ/မများအား ညစာ(တရုတ်ဝိုင်း)တည်ခင်းဧည့်ခံပြီး ကျောင်းသား/သူဟောင်းများမှလည်း ကျောင်းနေစဉ်က ကျောင်းမုန့်ဆိုင်
တွင် ၀ယ်စားခဲ့ရသော အစားအစာများကို ယခုပြန်လည်အမှတ်ရစေရန်အတွက် ကျောင်းတွင်ရောင်းသော ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ အသားလုံးကြော်၊ ကြက်ပေါင်ကြော်၊ ထမင်းကြော်၊ သီးစုံ နှင့် အအေးများကို ဘူဖေးသဘောဖြင့် စီစဉ်ထားကြပြီး ပျော်ပျော်ပါးပါး ကိုယ်တိုင်ယူငင် စားကြတာကို တွေ့ရပါတယ်။


 
  {ကျောင်းအုပ်ဆရာကြီး ဦးလှဝင်း}
အဆိုပါပွဲတွင် ဆရာများ၊ ကျောင်းသား/သူဟောင်းများမှ မိမိတို့ ကြိုက်နှစ်သက်ရာ သီချင်းများကို သီဆိုခဲ့ကြပြီး ယခုလိုပွဲဖြစ်မြောက်ရန်အတွက် ရံပုံငွေအဖြစ် ကောက်ခံရာမှာ ဖြတ်ပိုင်းပေါ်တွင် အမှတ်စဉ်နံပါတ်များထည့်သွင်းထားပြီး အမှတ်တရအဖြစ်ပြန်လည်၍ ပွဲစီစဉ်သူများမှ အမှတ်တရပစ္စည်း(၂၀)ဖြင့် ဆုမဲများကို ပြန်လည်မဲဖောက်ပေးခဲ့ကြပါတယ်။

{ဆရာဦးစိန်လွင်မှ ကံစမ်းမဲနှိုက်ပေးနေစဉ်}

ယခုလိုပွဲမျိုး စီစဉ်သည့်အတွက် ဆရာ/မများလည်း ၀မ်းသာပီတိဖြစ်ရပြီး ကျောင်းသား/သူဟောင်းများမှ ၀မ်းသာကြကြောင်း သိရှိရပါတယ်။ ယခုပြုလုပ်သော မြတ်ဆရာပူဇော်ကန်တော့ပွဲနှင့် ကျောင်းသား/သူဟောင်းများ တွေ့ဆုံပွဲသည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်ကိုတော့ ၂၀၁၁ခုနှစ်က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
တာချီလိတ်အွန်လိုင်းစာမျက်နှာ


Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here