Tuesday, December 4, 2012

"၄ နှစ်သားကလေးငယ်အား တောဆင်ရိုင်းက နင်းသတ်"

0 comments
ဒီဇင်ဘာ(၄)


၃-၁၂- ၂၀၁၂ ရက်နေ့ ၀၇း၅၀အချိန် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့၊ ဖလုံဘူတာကျေးရွာအုပ်စု၊ ရွှေမြိုင်သာယာကျေးရွာ 
 တွင် ကလေးငယ်တစ်ဦး ဆင်နင်းခံရပြီးသေဆုံးသွားကြောင်း သတင်းအရတိုက်ကြီး ရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေး ခဲ့ရာ ၂-၁၂-၂၀၁၂ ရက်နေ့ ၂း၂၀၀ အချိန် မောင်ပိုးချစ် (၄)နှစ်သည် မိဘများဖြစ်သည့် ဦးမြင့်ကျော်ဦး၊ ဒေါ်နီလာဝင်းတို့နှင့်အတူ
အိပ်ပျော်နေစဉ် တောဆင်ရိုင်းတစ်ကောင် ၀င်လာသဖြင့် ထွက်ပြေးခဲ့ကြသည်။
 
 ထွက်ပြေးစဉ် နေအိမ်နှင့် ၁၀ ပေခန့်အကွာ၌ မောင်ပိုးချစ်မှာ ဆင်နင်း ခံရပြီး ဦးခေါင်းကြေမွဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရှိရသဖြင့် ၁၁၀၀ အချိန် တိုက်ကြီးရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁၄/၂၀၁၂)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။

ရွှေမြန်မာမီဒီယာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here