Tuesday, December 4, 2012

SSA (၀မ်ဟိုင်း) ဌာနချုပ်တွင် ရှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပရန် အစည်းအဝေးပြုလုပ်

0 comments
ဒီဇင်ဘာ(၄)



SSA (၀မ်ဟိုင်း) ဌာနချုပ်တွင် ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် ကျရောက်မည့် ရှမ်းနှစ်သစ်ကူးပွဲတော်နှင့် ပတ်သက်ပြီး ဒီဇင်ဘာလ (၁) ရက်နေ့တွင် အစည်းအဝေးခေါ်ယူပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အစည်းအဝေးမှာ (၀မ်ဟိုင်း) အဖွဲ့ခေါင်းဆောင် ပန်ဖနဲ့ လက်ထောက်ခေါင်းဆောင် (၂၀) ဦးတို့ ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။ ရှမ်းနှစ်သစ်ကူးပွဲတော်အမှီ စစ်သင်တန်းဖွင့်လှစ်ရန်၊ ပျော်ပွဲရွှင်ပွဲနှင့် အားကစား ပွဲများ ကျင်းပရန်၊ သင်တန်းတွင် ထူးချွှန်သည့် အဖွဲ့များအား ဆုချီးမြှင့်မည့် အစီအစဉ်များ ၊ နှစ်သစ်ကူးပွဲ တွင် ပြော ကြားမည့် မိန့်ခွန်းနှင့် ပွဲတော်ကျင်းပနေစဉ် လုံခြုံရေးတာဝန်ဆောင်ရွက်ရန် စသည့်အချက်များ ကို ဆွေးနွေး ဆုံးဖြတ်ခဲ့ပါ တယ်။

ရှမ်းနှစ်သစ်ကူးအမှီ ပြုလုပ်မည့် သင်တန်းတွင် တစ်ဦးချင်း တိုက်ခိုက်နည်းများ၊ အဖွဲ့ငယ်များဖြင့် လှုပ်ရှား တိုက်ခိုက်နည်း ၊ အတားအဆီးများဖြတ်ကျော်နည်း ၊ အခြေခံသိုင်းပညာ ၊ လက်နက်ငယ်ကျွမ်းကျင်မှု ၊ လက်နက်ကြီး ပစ်ခတ်မှုနဲ့ ဆက်သွယ်ရေး သင်ခန်းစာများ ပို့ချပေးသွားမှာဖြစ်တယ်လို့ သိရ ပါတယ်။ သင်တန်းကာလကိုတော့ ဒီဇင်ဘာလ (၂) ရက်နေ့မှ ဒီဇင်ဘာလ (၁၄) ရက်အထိဖွင့်လှစ်ပေး မှာ ဖြစ် ပြီးတော့ ရှမ်းနှစ်သစ်ကူးပွဲတော်တွင် ထူးချွန်သည့် သင်တန်းသားများအား ဆု ချီးမြှင့်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

SSA (၀မ်ဟိုင်း) အဖွဲ့အနေဖြင့် တစ်ဘက်တွင် အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ယူထားပြီး တစ်ဘက်မှာလည်း စစ်ရေးဆိုင်ရာသင်တန်းများနှင့် ပျော်ပွဲရွှင်ပွဲများကျင်းပပေးပြီး တပ်ဖွဲ့ဝင်များ ၏ စွမ်းရည်ကို မြှင့်တင်ပေးနေကြောင်း သိရပါတယ်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here