Monday, December 31, 2012

ဒီဇင်ဘာလ ၂၉/၃၀ ရက်နေ့ တိုက်ပွဲများတွင် KIA အဖွဲ့ဝင် ၁၅၀ ကျော်ကျဆုံး

0 comments
ဒီဇင်ဘာလ ၃၁
Photo: a rare historic photo of KIA fighters praying  before going to battlefieldတပ်ချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှ KIA အဖွဲ့အား လမ်းကြောင်းရှင်းမည့်အကြောင်း ပေးပို့ခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်နောက်ပိုင်းတွင် KIA အဖွဲ့မှ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး အစိုးရတပ်များ ရိက္ခာသယ်ယူနေခြင်းအား တိုက်ခိုက်ခဲ့ပါသည်။ အစိုးရတပ်များမှ ဒီဇင်ဘာလ ၂၅ ရက်နေ့မှ စပြီး ပြန်လည်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများပိုမိုပြင်းထန် လာခဲ့သည်။ 

           လဂျားယန်စခန်းအနီးပတ်ဝန်းကျင်အား အစိုးရတပ်များမှ ရှင်းလင်းခဲ့ရာ ဒီဇင်ဘာလ ၂၉ နှင့် ၃၀ ရက်နေ့အတွင်း KIA အဖွဲ့နှင့်ကျောင်းသားအဖွဲ့များမှ စစ်သားပေါင်း ၁၅၀ ကျော်ခန့်ကျဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။ ယခင်ကာလများတွင် အစိုးရတပ်များမှ တိုက်ခိုက်ခြင်းမရှိပဲ KIA အဖွဲ့မှ အလစ်ဝင်ရောက် တိုက်ခိုက်မှုများကြောင့် အစိုးရတပ်ဘက်မှ ထိခိုက်ကျရှုံးများရှိသော်လည်း ယခုအချိန် တွင် အစိုးရတပ်များမှ စနစ်တကျ တိုက်ခိုက်မှုများကြောင့် KIA ဘက်မှ အကျအဆုံးများကြောင်း သိရပါသည်။ 

           ယခုသေဆုံးသော KIA အဖွဲ့သားများတွင် ကချင်လူမျိုးများ နည်းပါးပြီး ရှမ်းလူမျိုး လူငယ်များသာ များပြားကြောင်း အစိုးရတပ်မှ အရာရှိတစ်ဦးက ပြောကြားခဲ့ပါသည်။ KIA အဖွဲ့တွင် လူမျိုးရေး ခွဲခြားမှုများ ရှိနေကြောင်း၊ ကချင်လူမျိုးမဟုတ်သူများအား ရှေ့တန်းတွင်သာထားရှိကြောင်းနှင့် KIA အဖွဲ့တွင် အရာရှိအဖြစ် ခန့်အပ်ခြင်းမရှိကြောင်း လိုင်ဇာသို့ရောက်ရှိနေသော သတင်းထောက် တစ်ဦးမှ ပြောကြားခဲ့ ပါသည်။
ရွှေနိုင်ငံ

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here