Tuesday, January 1, 2013

“၀” တပ်ဖွဲ့များ၏ လုပ်ရပ်ကြောင့် ဗုဒ္ဓဘာသာရှမ်းဘုန်းတော်ကြီးများ စိတ်ဆင်းရဲနေရ

0 comments
ဇန်န၀ါရီ(၁)


ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းတုံမြို့နယ်၊ မဲကင်ကျေးရွာအုပ်စု မော်စလီကျေးရွာမှာရှိတဲ့ ကောင်းမှု ထပ်ဆောင်ကျန့် ဓာတ်တော်တောင်စေတီကုန်းတော်မှာ UWSA“၀” တပ်ဖွဲ့က တပ်ရင်းတစ်ရင်း လာရောက် နေထိုင်လျက်ရှိပါ တယ်။ အရင်တုန်းက “၀” တပ်ဖွဲ့တွေမရှိခင်တုန်းက အဲဒီကျေးရွာ တစ်ဝိုက်မှာပျော်ရွှင်စရာအလွန်ကောင်းခဲ့ ပေမယ့်လွန်ခဲ့တဲ့(၂)နှစ်ကစပြီး“၀”တပ်ဖွဲ့တွေ  ရောက်လာ ကတည်းက ဗုဒ္ဓဘာသာ ရှမ်းဘုန်းတော်ကြီး  တွေနဲ့ ရပ်ရွာလူထုတွေ စိတ်ဆင်းရဲနေကြရပါတယ်။

“၀”တပ်ဖွဲ့ဝင်တွေဟာ အရင်တုန်းကဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လက်အောက်မှာနှစ်ပေါင်း များစွာနေ ထိုင်ခဲ့ တဲ့သူတွေဖြစ်ပြီး သူတို့မှာ ဘာသာတရားဆိုတာမရှိပါဘူး။ ကွန်မြူနစ်ဝါဒကို လက်ခံ သူတွေဖြစ် တဲ့ အတိုင်း ဗုဒ္ဓဘာသာကုန်းတော်ပေါ်မှာ တိရစ္ဆာန်တွေသတ်ဖြတ်စားသောက်ခြင်း၊ မစင်စွန့်ခြင်း စတဲ့ အမြင်မတော်တဲ့လုပ်ရပ် တွေလုပ်နေပါတယ်။ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တနန္ဒကိုယ်တိုင် သာ့သနာ နယ်မြေမှာတိရိစ္ဆာန်သတ်ဖြတ်စား သောက်ခြင်းမပြုဖို့နဲ့အညစ်အကြေးတွေမစွန့်ပစ်ဖို့ မေတ္တာရပ်ခံခဲ့ပေ မယ့်“၀”တပ်ဖွဲ့ကလက်ခံခြင်းမရှိခဲ့ပါဘူး။ဒါကြောင့်မို့ဆရာတော်နဲ့ရွာလူကြီးတွေကဓာတ်တော်တောင်စေ တီကုန်းတော်မှာတည်ဆောက်ထားတဲ့ဇရပ်ကိုဖျက်သိမ်းပြီးဘုန်းကြီးကျောင်းထဲကို ရွေ့ပြောင်းခဲ့ပါတယ်။  စေတီတောင်ကုန်းပေါ်မှာ “၀” တပ်ဖွဲ့တွေမရှိ တော့မှ ဒီဇရပ်ကိုပြန်လည်တည်ဆောက်တော့မယ်လို့ အဆိုပါဘုန်းတော်ကြီးက မိန့်ကြား ခဲ့ပါတယ်။ အဲဒီတောင်ကုန်း ပေါ်မှာတည်ထားတဲ့ ဓာတ်တော်တောင်စေတီတော် ဟာအခု ဆိုရင် သက်တမ်းနှစ်ပေါင်း(၂၇၀)ကျော်ခဲ့ ပြီဖြစ်ပါ တယ်။မိုင်းတုံမြို့နယ်မှာရှိတဲ့ ရှေးဟောင်းစေတီတော် တစ်ဆူဖြစ်တာမို့လို့ ရှမ်းတိုင်းရင်းသားတွေယုံကြည် ကိုးကွယ်တဲ့ စေတီတော်တစ်ဆူဖြစ်ပါတယ်။

အရင်တုန်းကနှစ်စဉ်ဘုရားပွဲတော်ကျင်းပနိုင်ခဲ့ပေမယ့် “၀” တပ်ဖွဲ့တွေ လာရောက်နေထိုင်ကထဲက ဘုရားပွဲ မလုပ်ဖြစ်ခဲ့တာ (၃)နှစ်နီးပါးရှိပြီဖြစ်ပါတယ်။ဒီနေရာမှာ “၀” တပ်တွေမရှိတော့မှ ဘုရားပွဲတော် ကျင်းပ တော့မယ်လို့ သိရပါတယ်။ UWSA “၀” တပ်ဖွဲ့တွေရဲ့ ရိုင်းစိုင်းယုတ်မာမှုတွေအပေါ် ရှမ်း လူမျိုးဒေသ ခံတွေ အလွန်ပဲ မခံမရပ်နိုင်ဖြစ်နေကြပါတယ်။  ဒီကိစ္စနဲ့ပတ်သက်လို့ ကျောင်းထိုင် ဆရာတော် နဲ့ရပ်ရွာ လူကြီးတွေ ဦးဆောင်ပြီး မိုင်းတုံမြို့၊ မြို့မမွေတော် ကျောင်းရှိမြို့နယ် သံဃာ့ နာယက ဆရာတော်ကြီး ဘဒ္ဒန္တဇာရိန္ဒထံ တင်ပြ တိုင်ကြားခဲ့တဲ့ အကြောင်းနဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ထံသို့လည်း တိုင်စာပေးပို့ထားကြောင်းကို မိုင်းတုံမြို့မှ ဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။


Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here