Tuesday, January 1, 2013

အစ္စလာမ်ဘုရားကျောင်း မရှိတဲ့ ဥရောပမြို့

0 comments
ဇန်န၀ါရီ(၁)

ဂရိနိုင်ငံရဲ့မြို့တော် အေသင်မြို့ ဟာဥရောပမှာ တစ်ခုတည်းသော အစ္စလာမ်ဘုရားရှိခိုးကျောင်း လုံးဝမရှိတဲ့ မြို့တော်ဖြစ်ပါတယ်။

၁၈၃၂ ခုနှစ်မှာ Ottoman အင်ပါယာလက်အောက်မှ လွတ်လပ်ရေးရခဲ့တဲ့နောက် မည်သည့်ဂရိအစိုးရမှ အစ္စလာမ်ဘုရားကျောင်းကို
 အေသင်မြို့ထဲမှာ ဆောက်ခွင့်မပေးခဲ့ပါဘူး။

 ဒါပေမဲ့ ဂရိနိုင်ငံဟာ ဥရောပနိုင်ငံများဆီကို ပြောင်းရွေ့သူတွေရဲ့ ကြားနိုင်ငံတစ်ခု ဖြစ်နေတာကြောင့် အစ္စလာမ်လူမျိုး အရေအတွက်များလာပြီး လူဦးရေ ၅ သန်းရှိတဲ့ အေသင်မြို့ထဲမှာ မူဆလင်လူမျိုး ၃ သိန်းခန့် ရှိပါတယ်။ ယခုအချိန်မှာ အေသင်မှာ မူဆလင်ဘုရားကျောင်း တည်ဆောက်ခွင့် တောင်းဆိုသံတွေ တဖြည်းဖြည်း ကျယ်လောင်လာနေပါတယ်။

"ကျနော်တို့က လူ့အဖွဲ့အစည်းရဲ့ ပြင်ပရောက်နေသလို ခံစားမိပါတယ်။ ကျနော်တို့ရဲ့ ရိုးရာပွဲချိန်တွေမှာ သွားစရာစုရုံးရာနေရာ မရှိပါဘူး၊ ဒီက အသိုင်းအ၀ိုင်းတွေက ကျနော်တို့ကို လက်မခံသေးဘူး။" လို့ အာဆီဖားအာမက် က ပြောပါတယ်။

နိုင်ငံရဲ့ ၉၀ ရာနှုံးကျော်က Orthodox ခရစ်ယာန်ဘာသာဝင်များ ဖြစ်နေပြီး ခရစ်ယာန်ဂိုဏ်းချုပ် Seraphim ကတော့ "ဂရိဟာ တူရကီတွေ အုပ်စိုးခဲ့တဲ့ကာလမှာ နှစ်ပေါင်း ၅၀၀ ကျော် အစ္စလာမ်တွေရဲ့ ချုပ်ကိုင်မှုအောက်မှာ နေခဲ့ရပါတယ်။

အစ္စလာမ်ဘုရားကျောင်း တည်ဆောက်ခြင်းက ကျနော်တို့ကို လွတ်လပ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ သူရဲကောင်းတွေကို ဆန့်ကျင်ရာရောက်ပါမယ်။“ လို့ ပြောသွားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အေသင်မြို့မှာ အယူအဆတွေ အမျိုးမျိုးကွဲပြားနေပါတယ်။ ဂရိနိုင်ငံမှာ ဘာသာရေးနဲ့ အုပ်ချုပ်ရေး ဆက်စပ်နေပြီး အစ္စလာမ်ဘုရားကျောင်း ပြဿနာဟာ ဂရိ က ဘယ်လိုနိုင်ငံလမ်းကြောင်းမျိုး ဆက်လက်ချီတက်သွားမယ် ဆိုတာနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။

(Ref; BBC News,
 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here