Wednesday, January 2, 2013

မဲဆောက်ဒေသရှိ တိုင်းရင်းသားများ နှစ်သစ်ကြိုဆို ဆွမ်းဆန်စိမ်းလောင်းလှူ

0 comments
ဇန်န၀ါရီ ၂ ရက်၊ ၂၀၁၃ 

ထိုင်း-မြန်မာ နယ်စပ် အထူးစီးပွားရေးဇုန်ဒေသရှိ မဲဆောက်မြို့မှ တိုင်းရင်းသား (၇) မျိုးတို့၏ စည်းလုံးညီညွတ် စုပေါင်းကာ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီးကို (၁-၁-၂၀၁၃ ) ခုနှစ်မှာ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရပါတယ်။


"ပအိုဝ်းတိုင်းရင်းသား" ဟု ထိုင်းဘာသာဖြင့် ရေးထားသည့် ဆိုင်းဘုတ်ကို ကိုင်ဆောင်ပြီး
စည်တန်းလှည့်လည်သည့် ပအိုဝ်းပျိုမယ်များ (Photo by Rakne Yang You)

” နှစ်စဉ် နှစ်တိုင်း နှစ်သစ်ကူးအခါသမယမှာ ဆွမ်းဆန်စိမ်း လောင်းလှူခြင်းဖြင့် ကုသိုလ်ပြုရတာ အရမ်းကို ၀မ်းသာပီတီဖြစ်မိတယ်“ ဟု မဲတော်ကျောင်း အနီးရှိ ပအိုဝ်းအဖွားကြီး ဒေါ်ဖွားစိန် မှ ပြောပါတယ်။

ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီးမှာ မဲဆောက်မြို့ရှိ ထိုင်း-မြန်မာ လူမျိုးပေါင်းစုံ မှ နှစ်သစ်ကြိုဆိုသောအားဖြင့် ထိုင်း မြန်မာ သံဃာတော် အပါး(၁၀၀)ကျော် နှင့် သီလရှင်များအား ပင့်ဖိတ်ပြီး (၀ပ်ထိုင်းဝပ်ဌာနာရမ်) ခေါ် မယ်တော်ကျောင်းတိုက်မှ စထွက်ကာ စုပေါင်း ဆွမ်းဆန်စိမ်းလောင်းလှူသော ပွဲကြီး ဖြစ်သည်ဟု နယ်စပ်ဒေသ ထိုင်းသတင်းစာမှာလည်း ဖော်ပြထားပါသည်။

ထို့အတူပင် တက်ခရိုင် မဲဆောက်မြို့နယ်ရှိ ဌာနေတိုင်းရင်းသားလူမျိုးစုကွန်ယက်မှ ဦးစီးကျင်းပသည့် ရှမ်း၊ ပအိုဝ်း၊ ပလောင်၊ ထိုင်း၊ မြန်မာ ၊ လာအို တိုင်းရင်းသားများ စုပေါင်းပြီး ရှမ်းနှစ်သစ်ကူးနှင့်အတူ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းခြင်း၊ ထိုင်းဘုရင်မင်းမြတ်အား ဂုဏ်ပြုပူဇော်ခြင်း စသည်ဖြင့် ကျင်းပပါသည်။

အထူးသဖြင့် ထိုင်း-မြန်မာ နယ်စပ်ဒေသ အထူးစီးပွားရေးဇုန် ခေါ်တဲ့ မဲဆောက်မြို့တော်ရှိ နှစ်စဉ်ကျင်းပသော ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီးမှာ မြန်မာတိုင်းရင်းသားအများစု ဖြစ်သည်ဟုလည်း သိရပါသည်။
 
တောင်ကြီးတိုင်းမ်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here