Thursday, January 10, 2013

လားရှိုး လက်ကိုင်ဖုန်း ဈေးကွက်အကြောင်း အင်တာဗျူး

0 comments
~


မြန်မာပြည်မှာ ဆင်မ်ကတ် ဈေးကြီးပေမယ့် လက်ကိုင်ဖုန်းသုံးသူ အများအပြား ရှိနေပြီး ဖုန်းအရောင်းဆိုင်တွေလည်း နေရာတကာမှာ တွေ့နေရပါတယ်။

နယ်မြို့ကြီးတခုရဲ့ တယ်လီဖုန်း ရောင်းဝယ်မှု အနေအထားကို တစေ့တစောင်း သိရအောင် လားရှိုးမြို့ ကြယ်တာရာ မိုဘိုင်းဖုန်း နဲ့ အပိုပစ္စည်း အရောင်းဆိုင်က မချမ်းမြေ့နဲ့ မကြာသေးခင်က တွေ့ဆုံမေးမြန်းထားပါတယ်။

ဟန်းဆက် ဈေးနှုန်းတွေက ဘယ်လိုလဲ။

အနည်းဆုံးက လေးသောင်းကျော်၊ အများဆုံးက နှစ်သိန်းကျော်။

ဘယ်ကလာတဲ့ဖုန်းတွေလဲ။ အာမခံရော ရှိသလား။
အားလုံး တရုတ်က လာတာချည်းပဲ။ အာမခံတော့ မရှိဘူး။ ဆော့ဖ်ဝဲတွေ ၃ လ အတွင်း ပျက်တာဆိုရင်တော့ ပြန်ပြင်ပေးတာပေါ့။
Huawei ဖုန်း ၂ လုံး
ပျက်တာရော များသလား။
ဒီတံဆိပ် (Huawei) က အများကြီးတော့ မပျက်ပါဘူး။ ဆော့ဖ်ဝဲ Run တာ နည်းနည်းများလို့ ဆော့ဖ်ဝဲ ပျက်တာပဲ ရှိတယ်။

ဒီတံဆိပ် အရောင်းသွက်တာ ဘာကြောင့်လဲ။ ပစ္စည်းကောင်းလို့လား။

ပစ္စည်းလည်း ကောင်းပါတယ်။ ဈေးကတော့ စင်္ကာပူဖြစ်ဟန်းဆက်တွေထက် ပိုသက်သာတယ်။

ဒီဆိုင်မှာ စင်္ကာပူဖြစ်ဟန်းဆက်တွေက အရောင်းသွက်သလား။

တရုတ်ပြီးရင် စင်္ကာပူဖြစ်က အရောင်းရဆုံးပါပဲ။ Samsaung, Nokia, Sony တို့ပေါ့။ Samsaung က ဒုတိယ အရောင်းရဆုံးပေါ့။

ဟန်းဆက် ၀ယ်ချင်တယ်၊ တသိန်းတန်လောက် ၀ယ်မယ် ဆိုရင် ဘယ်တံဆိပ် ၀ယ်သင့်တယ် လို့ အကြံပေးမလဲ။
တသိန်းလောက်ပဲ ရှိမယ် ဆိုရင်တော့ Huawei သုံးလို့ ကောင်းပါတယ်။

မိတ်အင် စင်္ကာပူ လက်ကိုင်ဖုန်းများ
စင်္ကာပူဖြစ်ဟန်းဆက်တွေက တသိန်းနဲ့ မရဘူးလား။
တသိန်းတန်တော့ ရှိပါတယ်။ သုံးတဲ့သူအပေါ်လည်း မူတည်သေးတယ်လေ။  အင်တာနက် မသုံးဘူး၊ ရိုးရိုးပဲ သုံးတယ်၊ ဖုန်းပြောတာလောက်ပဲ ဆိုရင် စင်္ကာပူဖြစ်ဟန်းဆက် ၀ယ်လို့ ရပါတယ်။ laptop နဲ့ တွဲသုံးချင်တယ်၊ ၀ိုင်ဖိုင် (ကြိုးမဲ့အင်တာနက်) သုံးချင်တယ် ဆိုရင် ကိုးသောင်းခွဲတန်လည်း ရှိပါတယ်။

တင်ထားတဲ့ Nokia တွေက သုံးပြီးသား တပတ်ရစ်တွေလား။ အသစ်တွေလား။

အသစ်တွေပါ။ တပတ်ရစ် ဟန်းဆက် မထားဘူး။
Nokia က ဒီမှာ နည်းနည်းတော့ ရိုးသွားပါပြီ။

 ဧရာဝတီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here