Thursday, January 10, 2013

နဘား - မြစ်ကြီးနား ခရီးသည်တင် ခေါက်ပြန်အဆန်ရထားအား KIA မှ မိုင်းခွဲတိုက်ခိုက်

0 comments
 နဘား - မြစ်ကြီးနား ခရီးသည်တင် ခေါက်ပြန်အဆန်ရထားအား KIA မှ မိုင်းခွဲတိုက်ခိုက် Thursday, 10 January 2013  ဇန်န၀ါရီလ ၉ ရက် နေ့တွင် နဘားမှ မြစ်ကြီးနားသို့ထွက်ခွာလာသော အမှတ်(၄၉) ခေါက်ပြန် နဘား-မြစ်ကြီးနားအဆန်ရထားသည် ဟိုပင်မြို့နှင့် နန်းခွင်ဘူတာကြား မိုင်တိုင်အမှတ်(၆၅၄/၁၉) နေရာသို့ ည ၁၀ နာရီ ၂၀ မိနစ်ခန့်တွင်ရောက်ရှိခဲ့စဉ် KIA အဖွဲ့မှ ထောင်ထားသော မိုင်းတစ်လုံးပေါက်ကွဲခဲ့သဖြင့် ရထား လမ်းနှင့် ရထားတွဲများ ပျက်စီးခဲ့ကြောင်းသတင်းရရှိသည်။ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့သော ဟိုပင်ဘူတာမှတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ရထားစက်ခေါင်းနောက်က ကုန်စိမ်းတွေတင်ထားတဲ့အတွဲ ကြမ်းခင်း ၁၅ ပေလောက်ပေါက်ပြီး လမ်းချော်သွားပါတယ်။ပါလာတဲ့ ရထားတွဲ ၆ တွဲလုံးဘီးချော်ပြီး ခရီးသည် တစ်ဦးသေပါတယ်ဟုပြောဆိုသွားသည်။ ရထားမှာ ကုန်တွဲ ၆ တွဲပါဝင်ပြီး ကုန်စိမ်းများ၊ နွားနှင့် ဝက်များ၊ စားသောက်ကုန်များ တင်ဆောင်လာပြီးခရီးသည် ၃၀ဦးခန့်စီးနင်းလာကြောင်းပြောဆိုခဲ့ပါသည်။ KIA အနေဖြင့် ယခုလို မိုင်းခွဲတိုက်ခိုက်ပြီးတိုင်း စစ်တပ်အသုံးပြုသော ရထားများကိုတိက်ခိုက်ခြင်းဖြစ်ဖြစ်ကြောင်း ပြောကြားလေ့ရှိပြီး ယခုဖြစ်စဉ်တွင် တိုက်ခိုက်ခံခဲ့ရသောရထားမှာ ခရီးသည်များနှင့် ကုန်စိမ်းများ စားသောက်ကုန်များ တင်ဆောင်လာ သည့် ခေါက်ပြန်ရထားဖြစ်ကြောင်း မြက်မြင်သက်သေများနှင့် ဒေသခံအားလုံးမှ တညီတညွတ်ထဲ ပြောဆိုကြသည်ဟု သတင်းရရှိသည်။ ယုအခါ လမ်းကြောင်းပိတ်ဆို့နေသောရထားနှင့်ပျက်စီးနေသောရထားလမ်းအားမြန်မာ့မီးရထားမှတာဝန်ရှိသူများမှပြင်ဆင်လျက်ရှိကြောင်းသတင်းရရှိသည်။  MON
ဇန်န၀ါရီလ ၉ ရက် နေ့တွင် နဘားမှ မြစ်ကြီးနားသို့ထွက်ခွာလာသော အမှတ် (၄၉) ခေါက်ပြန် နဘား-မြစ်ကြီးနားအဆန်ရထားသည် ဟိုပင်မြို့နှင့် နန်းခွင်ဘူတာကြား မိုင်တိုင်အမှတ်(၆၅၄/၁၉) နေရာသို့ ည ၁၀ နာရီ ၂၀ မိနစ်ခန့်တွင်ရောက်ရှိခဲ့စဉ် KIA အဖွဲ့မှ ထောင် ထားသော မိုင်းတစ်လုံးပေါက်ကွဲခဲ့သဖြင့် ရထား လမ်းနှင့် ရထားတွဲများ ပျက်စီးခဲ့ကြောင်းသတင်းရရှိသည်။ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့သောဟိုပင်ဘူတာမှတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ ရထား စက်ခေါင်းနောက်က ကုန်စိမ်းတွေတင်ထားတဲ့အတွဲ ကြမ်းခင်း ၁၅ ပေလောက်ပေါက်ပြီး လမ်းချော် သွားပါတယ်။ ပါလာတဲ့ရထားတွဲ ၆ တွဲလုံးဘီးချော်ပြီး ခရီးသည် တစ်ဦးသေပါတယ် ဟုပြောဆို သွားသည်။ ရထားမှာကုန်တွဲ ၆ တွဲပါဝင်ပြီး ကုန်စိမ်းများ၊ နွားနှင့်ဝက်များ၊ စားသောက်ကုန် များတင်ဆောင် လာပြီး ခရီးသည် ၃၀ဦးခန့် စီးနင်းလာကြောင်းပြောဆိုခဲ့ပါသည်။ KIA အနေဖြင့် ယခုလို မိုင်းခွဲ တိုက် ခိုက်ပြီး တိုင်း စစ်တပ်အသုံးပြုသော ရထားများကိုတိက်ခိုက်ခြင်းဖြစ်ဖစ်ကြောင်း ပြောကြားလေ့ရှိပြီး ယခုဖြစ်စဉ်တွင် တိုက်ခိုက်ခံခဲ့ရသောရထားမှာ ခရီးသည်များနှင့် ကုန်စိမ်းများ စားသောက်ကုန်များ တင်ဆောင် လာ သည့် ခေါက်ပြန် ရထားဖြစ်ကြောင်း မြက်မြင် သက်သေများနှင့် ဒေသခံအားလုံးမှ တညီတညွတ် ထဲ ပြော ဆိုကြသည်ဟု သတင်းရရှိသည်။ ယုအခါ လမ်းကြောင်း ပိတ်ဆို့နေသောရထားနှင့်ပျက်စီးနေသော ရထား လမ်းအားမြန်မာ့မီးရထားမှတာဝန်ရှိသူများမှပြင်ဆင်လျက် ရှိကြောင်းသတင်းရရှိသည်။

MON
 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here