Wednesday, January 16, 2013

စစ်တွေမှရန်ကုန်သို့ လေအိတ်ကားများစတင်ပြေးဆွဲနေ

0 comments

Photo: စစ်တွေမှရန်ကုန်သို့ လေအိတ်ကားများစတင်ပြေးဆွဲနေ
================================
မာန်ယုကျော်(ရွှေဝမြေ)
================================
၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှစ၍ စစ်တွေမှ ရန်ကုန်သို့ လေအိတ်ကားများဖြင့်စတင်ပြေး ဆွဲနေပြီဖြစ်ကြောင်း သိရသည်။

စစ်တွေနှင့်ရန်ကုန်သို့ပြေးဆွဲပေးနေကြသည့် အဝေးပြေးယာဉ်လိုင်းများဖြစ်ကြသော တိုးရတ နာ၊ ရွှေပြည်သစ်နှင့် ကြံတိုင်းအောင်စသည့်ယာဉ်လိုင်းများတွင် ဒီဇင်ဘာလအတွင်းမှစတင်ပြီး တစ်ပတ်လျှင် အနည်းဆုံး ၂ ကြိမ်ခန့်ပြေးဆွဲပေးကြောင်း သိရသည်။

“ခရီးသည်တွေသက်သောင့်သက်သာဖြစ်စေဖို့အတွက်ပြေးဆွဲရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီဇင်ဘာလအတွင်းကနေပြေးဆွဲပေးခဲ့ခြင်းဖြစ်ပါတယ်။ တစ်ပတ်ကို အနည်းဆုံး ၂ ကြိမ်ပြေးဆွဲပေး ပါ တယ်”ဟု စစ်တွေမြို့၊ ရွှေပြည်သစ်ကားဂိတ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်တွေနှင့်ရန်ကုန်သို့ ယခင်ပြေးဆွဲပေးနေသည့်ရိုးရိုးကားခမှာ လူတစ်ဦးလျှင် ၁၈ဝဝဝိ/- ဖြစ်ပြီး ယခုပြေးဆွဲနေသည့်လေအိတ်ကားဖြင့်ဆိုလျှင် လူတစ်ဦးလျှင် ၂ဝဝဝဝိ/- ပေးရကြောင်းနှင့် ထိုသို့ စစ်တွေနှင့်ရန်ကုန်သို့ လေအိတ်ကားများပြေးဆွဲပေးခြင်းကြောင့် ခရီးသွားပြည်သူများမှာလည်း ယခင်ပြေးဆွဲနေသည့်ရိုးရိုးကားထက် လေအိတ်ကားများဖြင့်သာခရီးသွားလာမှုပိုမိုများပြားလာ ကြောင်းလည်း သိရသည်။

“ရိုးရိုးကားထက်တော့ အများကြီးကွာပါတယ်။ လေအိတ်ကားဆိုတော့ သန့်လည်းသန့်တယ်။ ဖုန်လုံးတွေလည်းမဝင်ဘူး။ စီးရတာ အဆင်ပြေတယ်။ ဈေးနှုန်းကတော့ သိပ်ကွာတာတော့ ခရီးဝေး သွားရတာပိုသက်သောင့်သက်သာဖြစ်စေဖို့အတွက် ခုလိုလေအိတ်ကားကိုပဲရွေးစီးရတာ ပါ”ဟု စစ်တွေ- ရန်ကုန်ခရီးသည်တစ်ဦးကပြောသည်။

“မြန်မာနိုင်ငံမှာပြေးဆွဲပေးနေကြတဲ့ အဝေးပြေးယာဉ်လိုင်းတွေထဲမှာ ရခိုင်ဘက်ကိုပြေးဆွဲပေး တဲ့ယာဉ်လိုင်းကအဆိုးဆုံးပါပဲ။ လမ်းကလည်းဆိုး၊ ဖုန်တွေကလည်းဝင်၊ ခရီးကလည်းအဝေး ဆုံးဆိုတော့ ဒါကို သက်ဆိုင်ရာတွေအနေနဲ့တော်တော်လေးလုပ်ပေးရဦးမှာဖြစ်ပါတယ်”ဟုလည်း အထက်ပါ ပုဂ္ဂိုလ်က သူ၏အမြင်ကိုသုံးသပ်ပြောကြားခဲ့သည်။

၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှစ၍ စစ်တွေမှ ရန်ကုန်သို့ လေအိတ်ကားများဖြင့်စတင်ပြေး ဆွဲနေပြီဖြစ်ကြောင်း သိရသည်

စစ်တွေနှင့်ရန်ကုန်သို့ပြေးဆွဲပေးနေကြသည့် အဝေးပြေးယာဉ်လိုင်းများဖြစ်ကြသော တိုးရတ နာ၊ ရွှေပြည်သစ်နှင့် ကြံတိုင်းအောင်စသည့်ယာဉ်လိုင်းများတွင် ဒီဇင်ဘာလအတွင်းမှစတင်ပြီး တစ်ပတ်လျှင် အနည်းဆုံး ၂ ကြိမ်ခန့်ပြေးဆွဲပေးကြောင်း သိရသည်။

“ခရီးသည်တွေသက်သောင့်သက်သာဖြစ်စေဖို့အတွက်ပြေးဆွဲရခြင်းဖြစ်ပါတယ်။ကျွန်တော်တို့ဒီဇင်ဘာလအတွင်း
ကနေပြေးဆွဲပေးခဲ့ခြင်းဖြစ်ပါတယ်။ တစ်ပတ်ကို အနည်းဆုံး ၂ ကြိမ်ပြေးဆွဲပေး ပါ တယ်”ဟု စစ်တွေမြို့၊ ရွှေပြည်သစ်ကားဂိတ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်တွေနှင့်ရန်ကုန်သို့ ယခင်ပြေးဆွဲပေးနေသည့်ရိုးရိုးကားခမှာ လူတစ်ဦးလျှင် ၁၈ဝဝဝိ/- ဖြစ်ပြီး ယခုပြေးဆွဲနေသည့်လေအိတ်ကားဖြင့်ဆိုလျှင် လူတစ်ဦးလျှင် ၂ဝဝဝဝိ/- ပေးရကြောင်းနှင့် ထိုသို့ စစ်တွေနှင့်ရန်ကုန်သို့ လေအိတ်ကားများပြေးဆွဲပေးခြင်းကြောင့် ခရီးသွားပြည်သူများမှာလည်း ယခင်ပြေးဆွဲနေသည့်ရိုးရိုးကားထက် လေအိတ်ကားများဖြင့်သာခရီးသွားလာမှုပိုမိုများပြားလာ ကြောင်းလည်း သိရသည်။

“ရိုးရိုးကားထက်တော့ အများကြီးကွာပါတယ်။ လေအိတ်ကားဆိုတော့ သန့်လည်းသန့်တယ်။ ဖုန်လုံးတွေလည်းမဝင်ဘူး။ စီးရတာ အဆင်ပြေတယ်။ ဈေးနှုန်းကတော့ သိပ်ကွာတာတော့ ခရီးဝေး သွားရတာပိုသက်သောင့်သက်သာဖြစ်စေဖို့အတွက် ခုလိုလေအိတ်ကားကိုပဲရွေးစီးရတာ ပါ”ဟု စစ်တွေ- ရန်ကုန်ခရီးသည်တစ်ဦးကပြောသည်။

“မြန်မာနိုင်ငံမှာပြေးဆွဲပေးနေကြတဲ့ အဝေးပြေးယာဉ်လိုင်းတွေထဲမှာ ရခိုင်ဘက်ကိုပြေးဆွဲပေး တဲ့ယာဉ်လိုင်းကအဆိုးဆုံးပါပဲ။ လမ်းကလည်းဆိုး၊ ဖုန်တွေကလည်းဝင်၊ ခရီးကလည်းအဝေး ဆုံးဆိုတော့ ဒါကို သက်ဆိုင်ရာတွေအနေနဲ့တော်တော်လေးလုပ်ပေးရဦးမှာဖြစ်ပါတယ်”ဟုလည်း အထက်ပါ ပုဂ္ဂိုလ်က သူ၏အမြင်ကိုသုံးသပ်ပြောကြားခဲ့သည်။
Yangon Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here