Wednesday, January 16, 2013

“အာဇာနည်ဗိမာန်အတွင်း ဗုံးခွဲခံရမှု အထိမ်းအမှတ်တစ်ခု တည်ခွင့် တောင်ကိုရီးယားရရှိ

0 comments
Photo: “အာဇာနည်ဗိမာန်အတွင်း ဗုံးခွဲခံရမှု အထိမ်းအမှတ်တစ်ခု တည်ခွင့် တောင်ကိုရီးယားရရှိ”

ဆိုးလ်၊ ဇန်နဝါရီ ၁၅
 
၁၉၈၃ ခုနှစ်က အာဇာနည်ဗိမာန် ဗုံးခွဲခံရမှုတွင်ကျဆုံးခဲ့သော တောင် ကိုရီးယားနိုင်ငံသားများအတွက် အထိမ်းအမှတ် တစ်ခုတည်ဆောက်ရန် သဘောတူညီမှုရရှိခဲ့ပြီဟု သိရသည်။

အာဇာနည်ကုန်း ဗုံးခွဲလုပ်ကြံမှုတွင် ကျဆုံးခဲ့ရသော ပုဂ္ဂိုလ်များအတွက် အထိမ်းအမှတ်တစ်ခု တည်ဆောက်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ တောင် ကိုရီးယားခရီးစဉ်အတွင်း တောင်ကိုရီး ယားအစိုးရက တောင်းဆိုခဲ့ပြီး ယခုအခါ သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။

အထိမ်းအမှတ်တစ်ခုကို အာဇာ နည်ကုန်းပေါ်ရှိ နေရာတစ်ခုတွင် တည် ဆောက်သွားမည်ဖြစ်ပြီး ဖေဖော်ဝါရီလ အစောပိုင်းတွင် တောင်ကိုရီးယားနိုင် ငံခြား ရေးဝန်ကြီးဌာနအရာရှိတစ်ဦး ဦးဆောင်သောအဖွဲ့ကို ရန်ကုန်သို့ စေလွှတ်မည် ဖြစ်ပြီး အဆိုပါအဖွဲ့တွင် ဗိသုကာပညာရှင်များနှင့် ဥယျာဉ် ပန်းမန်ဗိသုကာများ ပါရှိမည်ဟု သိရသည်။

မြန်မာအစိုးရက အာဇာနည်ကုန်း ဧရိယာအတွင်း အစောင့်တန်းလျားအနီး မြေဧရိယာ ၂၆ဝ စကွဲယား မီတာခွင့်ပြု ပေးထားပြီး ယင်းနေရာမှ အမှန် တကယ် ဗုံးခွဲခံရသည့်နေရာအား လှမ်းမြင်နိုင်သည ဟု သံတမန်အသိုင်း အဝိုင်းမှ သိရသည်။ ယင်းနေရာသည် အာဇာနည်ဗိမာန်နှင့် မီတာ ၅ဝ ခန့် သာကွာဝေးပြီး ရွှေတိဂုံ ဘုရားဘက်နှင့် ပိုမိုနီးကပ်သည်။

အဆိုပါ အထိမ်းအမှတ် ဂူဗိ မာန်ကို ဗုံးခွဲလုပ်ကြံခံရမှု နှစ် ၃ဝ ပြည့်နေ့ဖြစ် သည့် အောက်တိုဘာ လ ၉ ရက်နေ့တွင် အပြီးတည် ဆောက်မည်ဟု တောင်ကိုရီးယား အစိုးရက စီစဉ်ထားသည်။

''ကိုရီးယားတွေ သေသွားခဲ့လို့ အမှတ်တရ ကျောက်တိုင်လုပ်မှာပါ။ ဟို တစ်လောက ကိုရီးယားတွေလာတော့ ပြလိုက်တာ မြေနေရာကတော့ ပေ အတိအကျမဟုတ်ပါဘူး။ အာ ဇာနည် ကုန်းအဝင် ညာဘက်မှာ အုပ်ချုပ် ရေးမှူး ရုံးလေးရှိတယ်။ အဲဒီအရှေ့မှာ ရေမြောင်းတွေ ဘာတွေ ရှိတယ်။ အဲဒါကိုဖုံးပြီးတော့ လုပ်မယ်လို့တော့ ညွှန်ကြားထား တာရှိတယ်''ဟု ရန်ကုန် စည်ပင် အဆောက်အအုံဌာနမှ အရာရှိ တစ်ဦးက အဆိုပါ ဂူဗိမာန် တည် ဆောက်ရန်အတွက် မြေနေရာ သတ်မှတ်ရေးနှင့် ပတ်သက်၍ အထက် ပါအတိုင်း ပြောကြားသည်။

၂ဝ၁၂ ခုနှစ် ဧပြီအတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော တောင် ကိုရီးယားသမ္မတ အီမြောင် ဘတ်သည် ကျဆုံးခဲ့သော တောင်ကိုရီးယား သူရဲကောင်းများကို ဂါရဝ ပြုလိုသော်လည်း အထိမ်းအမှတ် ဂူဗိမာန်မရှိ၍ ဂါရဝမပြုခဲ့ ရသောကြောင့် ယခုကဲ့သို့ တည်ဆောက် ရန် အကြံပြုခဲ့ခြင်းဟု သိရသည်။

၁၉၈၃ ခုနှစ်အောက်တိုဘာ လ ၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ အလည် အပတ်ရောက်ရှိနေသော တောင်ကိုရီးယားသမ္မတ ချန်ဒူးဝှမ်နှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ အား မြောက်ကိုရီးယားသူလျှိုများက အာဇာနည်ကုန်း တွင် ဗုံးခွဲလုပ်ကြံခဲ့ရာ ဒုတိယဝန်ကြီးချုပ် Suh Suk-Joon နှင့် နိုင်ငံခြားရေး ဝန်ကြီး Lee Bum-Suk  အပါအဝင် ၁၇ ဦး ကျဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၁၄ ဦးရှိခဲ့သည်။

PN-055
Ref:Cho Sun IIbo

Popular Myanmar News Journal
 
Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here