အစိုးရသစ်တက်လာပြီးသည့်
နောက် အများပြည်သူများ မော်တော်ကားများ သက်သာစွာ
ဝယ်ယူစီးနင်းနိုင်ရေးအတွက်မော် တော်ယာဉ်တင်သွင်းခွင့် ဆိုင်ရာ
မူဝါဒများအား အဆင့်ဆင့်လျော့ ချပေခဲ့ပြီး။ ယနေ့အခါတွင်မူ ရန်ကုန်မြို့၌
မော်တော်ကားများ များပြားလာမှုနှင့်အတူယာဉ်ကြော ပိတ်ဆို့မှုများ
နေ့စဉ်နှင့် အမျှ ဖြစ်ပွားနေပြီး ယင်းသို့ ယာဉ်ကြော
ပိတ်ဆို့မှုများအပေါ်တာဝန်ရှိနယ် မြေခံယာဉ်ထိန်းရဲများမှ ဌာနဆိုင်
ရာအကြီးအကဲလမ်းကြောင်းရှိမှ သာရှင်းလင်းပေးခြင်းမျိုးမဟုတ်ပဲ
ဌာနဆိုင်ရာလူကြီးလမ်းကြောင်း မရှိပါကလည်း ပြည်သူများသွား
ရေးကရေးအဆင်ပြေမှုကို ရှေးရှု၍ အမြဲရှင်းလင်းပေးစေလိုကြောင်း
ပြည်သူအချို့ကပြောသည်။
“ဘယ်လောက်ပဲယာဉ်ကြော ပိတ်ပြီးသွားလို့အဆင်မပြေတဲ့နေရာ ဖြစ်နေပါစေ။ အဲဒီနေရာကို ဌာန ဆိုင်ရာလူကြီးတို့အဆင့်မြင့်အရာ ရှိကြီးတွေ အသုံးပြုဖို့ရှိမှပဲ ယာဉ် ထိန်းတွေက ယာဉ်ကြောကရှင်း ကြတယ်။ အမှန်တော့ အမြဲကို တာဝန်ကျေနေရမှာ ခုကြတော့ မဟုတ်ဘူး။ လမ်းတစ်ခုခုလိုလူ ကြီးတစ်ယောက်အသုံးပြုတော့ မယ်ဆိုမှလာ ရှင်းကြတယ်။ အမြဲ သာဒီလိုလုပ်နေရင် ဘယ်ကလာ ယာဉ်ကြောပိတ်ဆို့တော့မှာလည်း” ဟု မြေနီကုန်းမှတ်တိုင်၌ ဈေးရောင်း ချသူတစ်ဦးမှက ပြောကြားသွား ခဲ့သည်။
ဇန်န၀ါရီလ ၂၂ ရက်နေ့က လည်း နေ့စဉ်နှင့် အမျှ လိုင်းကား အချို့စည်းကမ်းမဲ့ရပ်နားမှုများကြောင့် အချိန်ပြည့်ယာဉ်ကြောပိတ်ဆို့မှု ဖြစ်လျက်ရှိသော မြေနီကုန်း ဗားဂရာလမ်းမကြီး၌ သက်ဆိုင်ရာ နယ်မြေခံယာဉ်ထိန်းများမှ လိုင်း ကားများထပ်၍ ယာဉ်ကြောပတ် ဆို့မှုများမဖြစ်ရန်၊ လိုင်းကားအချို့ စည်းကမ်းမဲ့စွာရပ်နား၍ခရီးသည် တင်ခြင်းမပြုရန် ယာဉ်ထိန်းများမှ တာဝန်ကျေပွန်စွာ ရှင်းလင်းလျက် ရှိနေပြီး မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ ယာဉ်ကြောများရှင်းလင်း နေသည်ကိုသက်ဆိုင်ရာယာဉ်ထိန်း စခန်းသို့ဆက်သွယ်မေးမြန်းရာတွင်ဒုတိယသမ္မတကြီးဦးဉာဏ်ထွန်းအဆိုပါလမ်းအားအသုံးပြုမည်ဖြစ် ကြောင်းနှင့်

အဆိုပါလူကြီးလမ်း ကြောင်းကြောင့် ယာဉ်ကြောများ
ရှင်းလင်းနေခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
hot news