Saturday, January 5, 2013

၂၀၁၁ - ၂၀၁၂ အတွင်း မန္တလေးတိုင်း၌ ညပိုင်းအချိန်များတွင် ယာဉ်တိုက်မှု အများစုဖြစ်

0 comments

ဇန်န၀ါရီ(၅)

Photo: ၂၀၁၁ - ၂၀၁၂ အတွင်း မန္တလေးတိုင်း၌ ညပိုင်းအချိန်များတွင်  ယာဉ်တိုက်မှု အများစုဖြစ် Saturday, 05 January 2013   မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၁-၂၀၁၂ ခုနှစ်အတွင်း ညပိုင်းအချိန် များတွင် ယာဉ်တိုက်မှု အများဆုံး ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ ယာဉ်တိုက်မှုများ စာရင်းထုတ်ပြန်ချက် များအရ သိရသည်။  ညနေ ၆နာရီမှ ၁၂နာရီအတွင်း ယာဉ်တိုက်မှု ၁၆၈ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရပြီး ယမန်နှစ်ထက် နှစ်ဆခန့် တိုးခဲ့ကြောင်းနှင့် ၂၀၁၂ တွင် ညပိုင်း ယာဉ်တိုက်မှုကြောင့် ၁၇၄ဦး သေဆုံးခဲ့ကြောင်း သိရသည်။  “ညပိုင်းအချိန်မှာဆိုမန္တလေးက ဦးထုပ်မဆောင်းတဲ့သူတွေများတယ်။ အဲဒါကြောင့် သေဆုံးတာဖြစ်တဲ့အပြင် ညပိုင်းအချိန်ကျတော့လည်း အရက် သေစာသောက်စားမူးရစ်ပြီး မောင်းနှင်တာတွေကြောင့်လည်း သေဆုံးတာ ဖြစ်ပါတယ်။ အဲဒီအတွက်တော့ စီမံချက်တွေ ချမှတ် ဆောင် ရွက်ဖို့ အစီအစဉ်ရှိပါတယ်”ဟု ယာဉ်ထိန်းရဲတစ်ဦးက ပြောကြားသည်။  ညပိုင်းယာဉ်တိုက်မှုတွင် ဆိုက်ကယ်ဖြင့်တိုက်မှုများ တိုးမြင့်လာခဲ့ပြီး ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ဆိုက်ကယ်တိုက်မှုပေါင်း ၅၁၆မှု၊ သေဆုံးသူ ၁၇၄ဦးနှင့် ဒဏ်ရာရသူ၆၁၈ဦးအထိ ရှိလာခဲ့ကြောင်းနှင့် ယခင်နှစ်များထက် စာလျှင် ဆိုင်ကယ်စီးရေ သိသာစွာ တိုးတက်လာမှုကြောင့် ယခုကဲ့သို့ ယာဉ်တိုက်မှု တိုးလာခြင်း ဖြစ်ကြောင်း ယာဉ်ထိန်းရဲများက ဆိုသည်။  “လက်ရှိ မန္တလေးခရိုင်အတွင်းမှာ ယာဉ်ထိန်းရဲအင်အား ၅၀၆ ဦးနဲ့ ကြီး ကြပ်ဆောင်ရွက်နေသလို အချက်ပြမီးပွိုင့် ၂၆နေရာ၊ လမ်းဆုံလမ်းခွ (၁၇) နေရာမှ ကျောင်းယာဉ်ရှင်းလင်း ရေး၁၁နေရာစုစုပေါင်း၅၄နေရာကို ယာဉ်ထိန်းရဲ၁၁၄ ယောက်နဲ့ နေ့ညတာဝန်ချထား ဆောင်ရွက်လျက် ရှိပါ တယ်၊အဓိကလမ်းပိုင်းနေရာတွေကိုလည်း အချက်ပြမီးပွိုင့် ထားရှိဖို့ သက် ဆိုင်ရာကို တင်ပြတောင်းဆိုထားပါတယ်။ ပညာပေး ဟောပြောပွဲတွေ ကိုလည်း အစဉ်မပြတ်လုပ်ပေးနေပါတယ်။ ဒါပေမယ့် ယာဉ်စီးရေတိုးတက် လာမှု ကြောင့်တော့ ယာဉ်တိုက်မှု လျော့ဖို့ကတော့ မလွယ်လောက်သေးဘူး ထင်တယ်”ဟု မန္တလေးတိုင်းဒေသကြီး မော်တော်ယာဉ် စည်းကမ်းထိမ်း သိမ်းရး မှ တာဝန်ရှိသူက ပြောကြားသည်။  အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ၂၀၁၁ ခုနှစ်တွင် ယာဉ်တိုက်မှု ၂၈၄ မှု၊ သေဆုံးသူ ၁၁၆ ဦး၊ ဒဏ်ရာရသူ ၃၇၄ဦး ရှိခဲ့ကြောင်း၊ ၂၀၁၂ခုနှစ်တွင် ယာဉ်တိုက်မှု ၅၁၆မှု၊ သေဆုံးသူ၁၇၄ဦးနှင့် ဒဏ်ရာရသူ ၆၁၈ဦး ရှိခဲ့ပြီး ယခင်နှစ်ထက်စာလျှင် ပိုလာကြောင်းနှင့် သေဆုံးမှုမှာ မတ်လပိုင်း အတွင်း သေဆုံးမှုအများဆုံးဖြစ်ကြောင်း အဆိုပါစာရင်းများအရ သိရသည်။  မျိုးသန့် ဓာတ်ပုံ - သူရိန် The Myanma Ageမန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၁-၂၀၁၂ ခုနှစ်အတွင်း ညပိုင်း အချိန်များတွင် ယာဉ်တိုက်မှု အများဆုံး ဖြစ်ပွားခဲ့ကြောင်း မန္တလေး တိုင်း ဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ ယာဉ်တိုက်မှု များ စာရင်းထုတ်ပြန်ချက် များအရ သိရသည်။

ညနေ ၆နာရီမှ ၁၂နာရီအတွင်း ယာဉ်တိုက်မှု ၁၆၈ကြိမ် ဖြစ်ပွား ခဲ့ကြောင်း သိရပြီး ယမန်နှစ်ထက် နှစ်ဆခန့် တိုးခဲ့ကြောင်းနှင့် ၂၀၁၂ တွင် ညပိုင်း ယာဉ်တိုက်မှုကြောင့် ၁၇၄ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ညပိုင်းအချိန်မှာဆိုမန္တလေးက ဦးထုပ်မဆောင်းတဲ့သူတွေများတယ်။ အဲဒါကြောင့် သေဆုံးတာဖြစ်တဲ့ အပြင် ညပိုင်းအချိန်ကျတော့လည်း အရက် သေစာသောက်စား မူးရစ်ပြီး မောင်းနှင်တာတွေကြောင့်လည်း
သေဆုံးတာ ဖြစ်ပါတယ်။ အဲဒီအတွက်တော့ စီမံချက်တွေ ချမှတ် ဆောင် ရွက်ဖို့ အစီအစဉ်ရှိပါတယ်”ဟု ယာဉ်ထိန်းရဲတစ်ဦးက ပြောကြားသည်။

ညပိုင်းယာဉ်တိုက်မှုတွင် ဆိုက်ကယ်ဖြင့်တိုက်မှုများ တိုးမြင့်လာခဲ့ပြီး ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ဆိုက်ကယ် တိုက်မှုပေါင်း ၅၁၆မှု၊ သေဆုံးသူ ၁၇၄ဦးနှင့် ဒဏ်ရာရသူ၆၁၈ဦးအထိ ရှိလာခဲ့ကြောင်းနှင့် ယခင်နှစ်များ ထက် စာလျှင် ဆိုင်ကယ်စီးရေ သိသာစွာ တိုးတက်လာမှုကြောင့် ယခုကဲ့သို့ ယာဉ်တိုက်မှု တိုးလာခြင်း ဖြစ်ကြောင်း ယာဉ်ထိန်းရဲများက ဆိုသည်။

“လက်ရှိ မန္တလေးခရိုင်အတွင်းမှာ ယာဉ်ထိန်းရဲအင်အား ၅၀၆ ဦးနဲ့ ကြီး ကြပ်ဆောင်ရွက်နေသလို အချက်ပြမီးပွိုင့် ၂၆နေရာ၊ လမ်းဆုံလမ်းခွ (၁၇) နေရာမှ ကျောင်းယာဉ်ရှင်းလင်း ရေး၁၁နေရာ စုစုပေါင်း၅၄နေရာကို ယာဉ်ထိန်းရဲ ၁၁၄ ယောက်နဲ့ နေ့ညတာဝန် ချထား ဆောင်ရွက်လျက် ရှိပါ တယ်၊အဓိကလမ်းပိုင်းနေရာတွေကိုလည်း အချက်ပြမီးပွိုင့်ထားရှိဖို့ သက်ဆိုင်ရာကို တင်ပြတောင်းဆို ထားပါတယ်။ ပညာပေး ဟောပြောပွဲတွေ ကိုလည်း အစဉ်မပြတ်လုပ်ပေးနေပါတယ်။ ဒါပေမယ့် ယာဉ်စီးရေတိုးတက်လာမှုကြောင့်တော့ ယာဉ်တိုက်မှု လျော့ဖို့ကတော့ မလွယ်လောက်သေးဘူး ထင်တယ်”ဟု မန္တလေးတိုင်းဒေသကြီး မော်တော်ယာဉ် စည်းကမ်းထိမ်းသိမ်းရးမှ တာဝန်ရှိသူ က ပြောကြား သည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ၂၀၁၁ ခုနှစ်တွင် ယာဉ်တိုက်မှု ၂၈၄ မှု၊ သေဆုံးသူ ၁၁၆ ဦး၊ ဒဏ်ရာရသူ ၃၇၄ဦး ရှိခဲ့ကြောင်း၊ ၂၀၁၂ခုနှစ်တွင် ယာဉ်တိုက်မှု ၅၁၆မှု၊ သေဆုံးသူ၁၇၄ဦးနှင့် ဒဏ်ရာရသူ ၆၁၈ဦး ရှိခဲ့ပြီး ယခင်နှစ်ထက်စာလျှင် ပိုလာကြောင်းနှင့် သေဆုံးမှုမှာ မတ်လပိုင်း အတွင်း သေဆုံးမှု အများဆုံးဖြစ်ကြောင်း အဆိုပါစာရင်းများအရ သိရသည်။
 
The Myanma Age

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here