Thursday, January 17, 2013

အယ်လ်ဂျီးရီးယားနိုင်ငံရှိ ဓာတ်ငွေ့စက်ရုံအား ဝင်ရောက်တိုက်ခိုက်

0 comments

Photo: Algeria Hostage Update:
အယ်လ်ဂျီးရီးယားနိုင်ငံရှိ ဓာတ်ငွေ့စက်ရုံအား ဝင်ရောက်တိုက်ခိုက်ကာ နိုင်ငံခြားသား ၄၁ ဦးကို ဓားစားခံအဖြစ် ဖမ်ဆီးထားသည့် သူပုန်အဖွဲ့အား အယ်လ်ဂျီးရီးယားတပ်ဖွဲ့များက ဝိုင်းပတ်ပိတ်ဆို့ထားကြောင်း သိရသည်။

အေမန်နက်စ် ဓာတ်ငွေ့စက်ရုံအား သူပုန်များက ဝင်ရောက်တိုက်ခိုက် ဗြိတိန်နိုင်ငံသားတစ်ဦးနှင့် အယ်လ်ဂျီးယားတစ်ဦးသေဆုံးပြီး အခြား လူ ၆ ဦး ဒဏ်ရာရရှိခဲ့သည်။ ယခုအခါ အေမန်နက်စ် ဓာတ်ငွေ့စက်ရုံအား အယ်လ်ဂျီးရီးယား တပ်ဖွဲ့များက ဝိုင်းထားလိုက်ပြီဖြစ်သည်။

ဓာတ်ငွေ့စက်ရုံအား ဝင်ရောက်တိုက်ခိုက်သည့် အုပ်စုမှာ အယ်လ်ကေဒါ အကြမ်းဖက်အဖွဲ့က ကျောထောက်နောက်ခံပြုထားသည့် မာလီနိုင်ငံမှ အစ္စလာမ်မစ်သူပုန်များနှင့် အဆက်အသွယ်ရှိကြောင်း သိရသည်။

ယခင်သတင်း http://www.planet.com.mm/news/read.cfm/id/20749

Planet Myanmar Network

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here