Saturday, January 5, 2013

ပညာဒါန ကျူရှင်ကျောင်း တာဝန်ခံက ကျောင်းသူကို အဓမ္မ ပြုကျင့်

0 comments

ဇန်န၀ါရီ(၅)

ရန်ကုန်တိုင်း ဒေသကြီး၊ ပန်းဘဲတန်းမြို့နယ် (၇) ရပ်ကွက်၊ အနော်ရထာလမ်းရှိ NLD ပညာဒါန ကျူရှင်ကျောင်းမှ ကျောင်း တာဝန်ခံ ခင်မောင်ထူး (ခ) သားကြီးက ယင်းကျောင်း တွင် တက်ရောက် နေသူ အသက် ၁၅နှစ် အရွယ်ရှိ မ ------ ကို ဇန်နဝါရီ ၃ ရက်နေ့ မွန်းလွဲ ၁၂နာရီကျော် ခန့်က အလိုမတူ အဓမ္မ ပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း ပန်းဘဲတန်း မြို့ခံများနင့် ရဲတပ်ဖွဲ့ဝင် များထံမှ သိရသည်။    


NLD ပါတီရုံး ပညာဒါန ကျူရှင်ကျောင်းတွင် ကျပန်းစကားပြော ပြိုင်ပွဲ ကျင်းပပြီးချိန်တွင် ခင်မောင်ထူး(ခ) သားကြီးက ကိုကာကိုလာ အချိုရည် သံဗူးထဲတွင် မူးမေ့ စေတတ်သော ဆေး ထည့်တိုက်၍ မူးမေ့ နေစဉ် အလို မတူပဲ အဓမ္မပြုကျင့် ခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။        

ယင်းအမှုနှင့် ပတ်သက်ပြီး ကာယကံရှင်က မကျေနပ်၍ ပန်းဘဲတန်း မြို့နယ် ရဲစခန်း တွင် အမှုဖွင့် တိုင်ကြားထားသည်။
Myanmar Online News

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here