Saturday, January 5, 2013

ဂျပန်ဆက်သွယ်ရေးနည်းပညာကုမ္ပဏီကြီး NEC က ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှစတင်ကာ ၀န်ဆောင်မှုများ ပေးရန်စီစဉ်

0 comments
ဇန်န၀ါရီ(၅)


ဂျပန်နိုင်ငံ၏ ဆက်သွယ်ရေး နည်းပညာကုမ္ပဏီကြီးဖြစ်သည့် NEC ကုမ္ပဏီသည် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလမှ စတင်ကာ ၀န်ဆောင်မှုများ ပေးရန် စီစဉ်နေသည်ဟု သိရသည်။

'' နောင်အနာဂတ်မှာ NEC က ရေအောက်ကေဘယ်ကြိုးကွန် ယက်တွေ၊ စက်မှုစီမံကိန်းတွေအတွက် ICT အခြေခံ အဆောက်အဦတွေ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစနစ်တွေ၊ e-government စနစ်တွေ၊ ဆာဗာတွေ လိုမျိုး နိုင်ငံတကာဆက်သွယ်ရေး ကွန်ယက်တွေသုံးပြီး ဒေသတွင်းလို အပ်ချက်တွေနဲ့ ကိုက်ညီအောင် လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားပါတယ်'' ဟု NEC ၏ တရုတ်နှင့် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ အရောင်းဌာန၏ အထွေထွေမန်နေဂျာ မစ္စတာ ရှင်းဆာကာမိုတိုက ပြောသည်။       

NEC ကုမ္ပဏီသည် မြန်မာနိုင်ငံအတွင်းရှိ KMD ကုမ္ပဏီသို့ ၂၀၀၈ ခုနှစ်ကတည်းက ၎င်းတို့၏ ပစ္စည်းများကို တရားဝင် ဖြန့်ဝေသူ ကိုယ်စားလှယ်အဖြစ် ပေးအပ်ခဲ့ပြီး အရောင်းနှင့် ၀န်ဆောင်မှုလုပ်ငန်းများကိုလည်း လုပ်ကိုင်ခွင့်ပေးခဲ့သည်။ 

'' အခုတော့ NEC Note-book တွေကို မသွင်းတော့ဘူး။ Server နဲ့ Point of Sales System တွေပဲ သွင်းတော့တယ်'' ဟု KMD မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။NEC ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးအခြေခံ အဆောက်အဦ ကဏ္ဍသို့ တယ်လီဖုန်း Swithboard များ၊ ၀ိုင်ယာလက်စ် ပစ္စည်းကိရိယာများ၊ Satellite မြေပြင်ထိန်းချုပ်ရေးစခန်းများနှင့် Broadcasting Station များကို လွန်ခဲ့သည့် ၃၅ နှစ်ကတည်းက ထောက်ပံ့ပေးခဲ့သည့် ကုမ္ပဏီလည်း ဖြစ်သည်။
NEC ကုမ္ပဏီသည် မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် ကိုယ်စားလှယ်ရုံးခန်းများ ဖွင့်လှစ်ပြီးဖြစ်သည်။
မြန်မာနိုင်ငံလူဦးရေ၏ ၃ ရာခိုင်နှုန်းသာ ကြိုးဖုန်း(သို့မဟုတ်) မိုဘိုင်းဖုန်း သုံးစွဲနိုင်သော အခြေအနေတွင် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုတွင် အခြေခံအဆောက် အဦ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များစွာ ရှိနေသည်ဟု NEC ကဆိုသည်။
မကြာမီကလည်း ဂျပန်နိုင်ငံ၏ အိုင်တီကုမ္ပဏီကြီး NTT Group မှ မြန်မာနိုင်ငံတွင် Development Center တစ်ခု လာရောက်ဖွင့်လှစ်ထားပြီး ICT Solution များနှင့် ပို့ ဆောင်ဆက်သွယ်ရေးကဏ္ဍအတွက်  ယာဉ်ကြောထိန်းချုပ်ရေးနှင့် စောင့်ကြည့်ရေးပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဟု သိရသည်။
 

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here