Saturday, January 5, 2013

ဒုက္ခရောက်မြန်မာအလုပ်သမားများအား ဆရာတော် ဦးဇောတိက သွားရောက်အကူအညီပေး

0 comments

ဇန်န၀ါရီ (၅)

 Photo: ဒုက္ခရောက်မြန်မာအလုပ်သမားများအား ဆရာတော် ဦးဇောတိက သွားရောက်အကူအညီပေး
ဇန်န၀ါရီ ၅၊ ၂၀၁၃  

၃.၁.၂၀၁၃.နေ့တွင် ထိုင်းနိုင်ငံ စုဖန်ဘူရီခရိုင်ရှိ နာနတ်သီးစက်ရုံ၌ အခက်ခဲနှင့် ကြုံတွေ့နေရသော မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၅၀ ကို ကူညီမှုတစ်ခုပြုလုပ်ခဲ့သည်။ ထို ၂၅၀ အလုပ်သမားများမှာ လွန်ခဲ့သော လေးလခန့်က မြဝတီမှ အလုပ်သမား ပါတ်စပို့လုပ်ပြီး တက်လာခဲ့ကြသူများ ဖြစ်သည်။ ၄င်းအလုပ်သမားများသည် သူဌေးသုံးဦးစပ်ဖြင့် ဖွင့်လှစ်ထားသော စက်ရုံတွင် အလုပ်လုပ်ကိုင်နေကြသည်။ ထိုင်းပိုင်ရှင်သူဌေးသုံးဦးတွင် ပိုက်ဆံရှိသော သူဌေးတစ်ဦး နှုတ်ထွက်သွားသဖြင့် ကျန်ပိုင်ရှင်၂ဦးက အလုပ်သမားများအား ငွေကြေးလုပ်ခ မပေးနိုင်သဖြင့် အခက်ခဲဖြစ်နေကြသည်။ 
၎င်းကိစ္စကို စက်ရုံရှိ မြန်မာမန်နေဂျာမှ ရက်၂၀ခန့် ငွေကြေးစိုက်ထုတ် ကူညီထားသည်။ ရက်ရှည်ကြာလာသောအခါ ပြည့်စုံအောင် မကူညီနိုင်တော့သဖြင့် ကူညီကယ်ဆယ်ရေးဆရတော်ကို ဆက်သွယ်လာခြင်းဖြစ်သည်။ မြန်မာ အလုပ်သမား များကို ကူညီရေးနှင့်ကယ်ဆယ်ရေးဆောင်ရွက်ပေးနေသော ဘန်ကောက်ရှိ ဆရာတော်ဦးဇောတိကမှ ၃.၁. ၂၀၁၃ နေ့တွင် ဆန်ငါးအိပ်နှင့် ဆီပိဿာလေးဆယ်  လှူဒါန်းကူညီခဲ့သည်။
၎င်းဆရာတော်ဦးဇောတိက (ကူညီကယ်ဆယ်ရေးဆရာတော်) သည် မြန်မာအလုပ်သမားများ အခက်အခဲကြုံတွေ့ ရသည်ကို ကြားသိရတိုင်း ကိုယ်တိုင်ကြွရောက်ကူညီပေးလျှက်ရှိသည်။ ထိုင်းနိုင်ငံအတွင်းရှိ အခက်ခဲနှင့်ကြုံတွေ့ရသော မည်သည့်မြန်မာနိုင်ငံသားမဆို ဆရာတော်ထံ ဆက်သွယ်ကူညီ တောင်းခံနိုင်ကြောင်း သိရသည်။

မိုးမခ

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here