Saturday, February 9, 2013

ကမ္ဘာပေါ်တွင် ပထမဆုံး ငါးမန်းဖြူဖမ်းဆီးသတ်ဖြတ်နိုင်သူ ဒဏ်ငွေချမှတ်ခံရ

0 comments
ဖေဖော်ဝါရီ(၉)

တောင်အာဖရိက နိုင်ငံတွင် အပျော်တမ်း ငါးမျှားသူ တစ်ဦးသည် ကမ္ဘာပေါ်တွင် ပထမဆုံး ငါးမန်းဖြူ သတ်ဖြတ်မှုဖြင့် အပြစ်ဒဏ် ချမှတ်ခြင်း ခံရသူ ဖြစ်လာခဲ့ကြောင်း သိရှိရသည်။ လီယွန်ဘက်ကာသည် ကမ်းခြေတွင် ငါးဖမ်းနေစဉ် ၎င်း၏ ငါးမျှားချိတ်ကို သားစား ငါးမန်းကြီးက လာရောက် ကိုက်ခဲခဲ့သည်။ အနောက်ပိုင်းကိပ် ဒေသတွင် နေထိုင်သော လီယွန်သည် အဆိုပါ ငါးမန်းကို ကမ်းပေါ်ရောက်အောင် ဆွဲတင်နိုင်ခဲ့သည်။ သို့သော်လည်း ငါးမျှားချိတ်လေးဖြင့် ငါးမန်းဖြူကြီး တစ်ကောင်ကို အရဖမ်းနိုင်ခဲ့သည့် ၎င်း၏ ဂုဏ်ယူစိတ်မှာ ကြာရှည် မခံခဲ့ရှာချေ။
 တောင်အာဖရိက ဥပဒေအရ ရေနေ သက်ရှိ အရင်းအမြစ်များဆိုင်ရာ ဥပဒေအရ တောင်အာဖရိကငွေ (၁၂၀၀၀၀) [ပေါင်စတာလင် (၈၅၅၀)ဝန်းကျင်] ပေးဆောင်ရန် တရားရုံးက လီယွန်အား အမိန့်ချမှတ်ခဲ့သည်။ ယင်းဥပဒေအရ တောင်အာဖရိကတွင် ငါးမန်းဖြူများကို သက်ဆိုင်ရာ ခွင့်ပြုပါမစ် မရှိဘဲ သတ်ဖြတ်ပိုင်ခွင့် ပိတ်ပင်ထားသည်။ မိုဆယ်လ်ဘေး တရားရုံးက ယခုလို အငြင်းပွားလောက်စရာ ဆုံးဖြတ်ချက်ကို အတည်ပြု ချမှတ်ခဲ့ခြင်းလည်း ဖြစ်သည်။ တောင်အာဖရိကသည် လူသားစား ငါးမန်းဖြူများကို ဥပဒေကြောင်းအရ အကာအကွယ်ပေးသည့် ပထမဆုံး နိုင်ငံ တစ်ခုလည်း ဖြစ်သည်။
(၁၉၉၁)ခုနှစ် ကတည်းက တောင်အာဖရိက ရေပြင်တွင် ငါးမန်းဖြူများကို ပါမစ်မရှိဘဲ မည်သူမျှ ဖမ်းယူပိုင်ခွင့် မရှိချေ။ သို့တိုင်အောင် တရားမဝင် ငါးမန်းဖြူ ဖမ်းဆီးသူများ ရှိနေဆဲဖြစ်ပြီး ယင်းအခြေအနေကို နိုင်နင်းစွာ မကိုင်တွယ်နိုင်သေးဘဲ ဖြစ်နေရာ ငါးမျှားချိတ်တွင် မတော်တဆ မိလာသည့် ငါးမန်းဖြူကြောင့် လီယွန်ကို ဒဏ်ငွေရိုက်သည့် တရားရုံး ဆုံးဖြတ်ချက်မှာ လှောင်ပြောင်စရာ ဖြစ်နေကြောင်းလည်း သိရှိရသည်။ 

ကိုးဒီသွေး

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here