Saturday, February 9, 2013

ဟိုပုံးမြို့တွင် လူငယ်တစ်ဦး ရေနစ်သေဆုံး

0 comments
ဖေဖော်ဝါရီ(၉)
ဟိုပုံးမြို့၊ တောင်ရပ်ကွက် ရှိ မြို့မဆည်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ သစ်တောဦးစီးဌာမှ တောခေါင်း အောင်ကျော်မိုးသည် ဖေဖော်ဝါရီလ (၇) ရက်နေ့ နေ့လည်ပိုင်းတွင် ဟိုပုံးမြို့သို့ ရေသွားကူးစဉ် ရေနစ်သေဆုံးသွားခဲ့ကြောင်း သိရသည်။

အောင်ကျော်မိုးသည် ၎င်းသူငယ်ချင်း (၃) ယောက်နှင့်အတူ တောင်ကြီးမြို့မှ ဟိုပုံးမြို့၊ တောင်ရပ်ကွက် ရှိ မြို့မဆည်တွင် ရေသွားကူးစဉ် ရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်။“ ကျွန်တော်တို့ (၄) ယောက် ရေသွား ကူးကြပါတယ်။ အောင်ကျော်မိုးက အစကတည်းက ရေသိပ်မကူးတတ်ဘူး။ ရေအောက်ကို မြုပ် သွားတော့ ကျွန်တော် တို့ လည်း ရေငုပ်နေတယ်လို့ပဲထင်ခဲ့တယ်။ (၁၅) မိနစ်လောက် ကြာလို့ ပြန် မပေါ်တော့မှ သူရေနစ်သွားတယ် ဆိုတာ သိရတယ်” ဟု အောင်ကျော်မိုးနှင့်အတူ ရေကူးသူ ၀င်းကျော် မှ ပြောပြပါတယ်။

တောခေါင်း အောင်ကျော်မိုး သေဆုံးခဲ့မှုအား ဟိုပုံးပြည်သူ့ဆေးရုံမှ ဆေးစစ်ချက်များနှင့်အတူ ရဲစခန်းမှ အရေးယူ အမှုဖွင့်ထားကြောင်း သိရသည်။ တောခေါင်း အောင်ကျော်မိုးနှင့် သူငယ်ချင်း (၃) ယောက် သည် ရေမကူးမီ အရက်သေစာသောက်စားထားကြပြီး ၎င်းဟိုပုံးမြို့မဆည်သည် နှစ်စဉ် တစ်ဦး ဦး ရေနစ်သေဆုံးလေ့ ရှိကြောင်း ဒေသခံများထံမှသိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here