Wednesday, February 20, 2013

ရှေးဟောင်းသမိုင်းဝင် ဘော်ကြိုမုဋ္ဌောစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ငှက်မြတ်နားတော် နှင့် ရွှေထီးတော်တင် မင်္ဂလာအခမ်းအနားဖိတ်ကြားလွှာ

0 comments
ဖေဖော်ဝါရီ(၂၀)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ဘော်ကြိုကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ဘော်ကြိုမုဋ္ဌောစေတီတော်မြတ်ကြီးအား စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊နှင့် ရွှေထီးတော်တင်လှူခြင်း အခမ်းအနားကိုအောက်ပါအစီအစဉ် အတိုင်းပြုလုပ်သွားမည် ဖြစ်ပါသောကြောင့် ကြွရောက်ကြည်ညို ဖူးမြော်ကာ ကုသိုလ်ယူ သာဓုခေါ်ဆိုနိုင်ပါရန်လေးမြတ်စွာဖိတ်ကြားအပ်ပါသည်။(ဘော်ကြိုဘုရားကြီးဂေါပက အဖွဲ့၊သီပေါမြို့)။

အရန်စေတီတော်(၆၄)ဆူ ထီးတော်တင်လှူခြင်း၊ ရန်ပြေမာန်ပြေစေတီတော် ထီးတော်တင်လှူခြင်း၊ ဓါတ်ပေါင်းစုစေတီတော် ထီးတော်တင်လှူခြင်း မင်္ဂလာအခမ်းအနား။
၁၃၇၄-ခု၊ တပို့တွဲလဆန်း(၁၄)ရက် ၊ ၂၄.၂.၂၀၁၃(တနင်္ဂနွေ)၊နံနက်(၇) နာရီ။
============================================
ဘော်ကြိုမုဋ္ဌောစေတီတော်မြတ်ကြီးအား စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တင်လှူခြင်း မင်္ဂလာအခမ်းအနား။
၁၃၇၄-ခု၊ တပို့တွဲလပြည့်နေ့၊၂၅.၂.၂၀၁၃ (တနင်္လာနေ့)၊ နံနက် (၈)နာရီ။
===========================================
ထမင်းနဲ(အချို၊ အဆိမ့်) နှင့် ရှမ်းထမင်းနဲ (ခေါင်ယာခု) တို့ဖြင့်စတုဒီသာကျွေးမွေးဧည့်ခံပါမည်။
၂၄.၂.၂၀၁၃ နှင့် ၂၅.၂.၂၀၁၃ ရက်နေ့ညများတွင် မန္တလေး " ဘုန်းမြင့်ဇော်" ဇာတ်သဘင်ဖြင့် ဧည့်ခံဖျော်ဖြေပါမည်။

Hsipaw ( သီပေါ )

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here