Tuesday, February 19, 2013

အိန္ဒိယ သမုဒ္ဒရာ မြောက်ပိုင်း ရေကြောင်းတိုင်းတာရေး ကော်မရှင်၏ ၁၃ ကြိမ်မြောက် အစည်းအဝေးကို မြန်မာနိုင်ငံကအိမ်ရှင်နိုင်ငံအဖြစ်ပထမဦးဆုံးလက်ခံကျင်းပ

0 comments
 
Photo: အိန္ဒိယ သမုဒ္ဒရာ မြောက်ပိုင်း ရေကြောင်းတိုင်းတာရေး ကော်မရှင်၏ ၁၃ ကြိမ်မြောက် အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ပထမဦးဆုံး လက်ခံကျင်းပမှုအား ယနေ့ ရန်ကုန်ရှိ Park Royal ဟိုတယ်တွင် ကျင်းပပြုလုပ်နေကြောင်းသိရသည်။

အဆိုပါပွဲကို အိန္ဒိယ သမုဒ္ဒရာ မြောက်ပိုင်း ရေကြောင်း တိုင်းတာရေး ကော် မရှင်အဖွဲ့ဝင် မြန်မာ ၊ ထိုင်း ၊ သိရိလကာင်္ ၊ အိန္ဒိယ ၊ ဘင်္ဂလားဒေ့ရှ် ၊ ဆော်ဒီအာရေဗီးယား နှင့် ယူနိုက်တက် ကင်းဒန်း နိုင်ငံမှ စစ်ဘက် ဆိုင်ရာ ရေတပ်အရာကြီးများ တက်ရောက်နေကြသည့်အပြင် မိတ်ဘက် နိုင်ငံများ ဖြစ်သည့် သြစတြေးလျ ၊ ပြင်သစ် ၊ မော်ရစ်ရှ် ၊ အိုမန် ၊ ပါကစ္စတန် ၊ဆူဒန် နှင့်အမေရိကန် နိုင်ငံတို့မှ အရာရှိများနှင့် ပညာရှင် စုစုပေါင်း ၅၂ ဦးတို့ တက်ရောက်နေကြသည် ။ 

အဆိုပါအစည်းအဝေးကို ယနေ့မှ စတင်၍ ဖေဖော်ဝါရီ ၂၂ရက်နေ့ အထိ လက်ခံကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် အကျိုးကျေးဇူးများသည့် အစည်းအဝေးတစ်ရပ်ဖြစ်သည်ဟု ပွဲတက်ရောက်နေသူ တပ်မတော်( ရေ )မှ အရာရှိတစ်ဦးက ပြောသည်။

အဆိုပါအခမ်းအနား ဖွင့်ပွဲသို့ ကာကွယ်ရေး ဦးစီးချုပ် ( ရေ )ဗိုလ်ချုပ် သူရသက်ဆွေ အဖွင့်အမှာစကားပြောကြားပြီး ရေတပ်ပင်မ တိုင်းတာရေး တပ်မှူး ဗိုလ်မှူးချုပ် မင်းသိမ်းတင့်၊အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်း ရေကြောင်း တိုင်းတာရေး ကော်မရှင် ဥက္ကဌ အိန္ဒိယနိုင်ငံမှ Vice Admiral Saroj K Jha နှင့်အပြည်ပြည်ဆိုင်ရာ ရေကြောင်းတိုင်းတာရေးအဖွဲ့ ဒါရိုက်တာ Rear Admiral ( Rtd ) K R Srinibasal တို့ လည်းအမှာစကားပြောကြားခဲ့သည်။

PN 051
 
အိန္ဒိယ သမုဒ္ဒရာ မြောက်ပိုင်း ရေကြောင်းတိုင်းတာရေး ကော်မရှင်၏ ၁၃ ကြိမ်မြောက် အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ပထမဦးဆုံး လက်ခံကျင်းပမှုအား ယနေ့ ရန်ကုန်ရှိ Park Royal ဟိုတယ်တွင် ကျင်းပပြုလုပ်နေကြောင်းသိရသည်။
 အဆိုပါပွဲကို အိန္ဒိယ သမုဒ္ဒရာ မြောက်ပိုင်း ရေကြောင်း တိုင်းတာရေး ကော် မရှင်အဖွဲ့ဝင် မြန်မာ ၊ ထိုင်း ၊ သိရိလကာင်္ ၊ အိန္ဒိယ ၊ ဘင်္ဂလားဒေ့ရှ် ၊ ဆော်ဒီအာရေဗီးယား နှင့် ယူနိုက်တက် ကင်းဒန်း နိုင်ငံမှ စစ်ဘက် ဆိုင်ရာ ရေတပ်အရာကြီးများ တက်ရောက်နေကြသည့်အပြင် မိတ်ဘက် နိုင်ငံများ ဖြစ်သည့် သြစတြေးလျ ၊ ပြင်သစ် ၊ မော်ရစ်ရှ် ၊ အိုမန် ၊ ပါကစ္စတန် ၊ဆူဒန် နှင့်အမေရိကန် နိုင်ငံတို့မှ အရာရှိများနှင့် ပညာရှင် စုစုပေါင်း ၅၂ ဦးတို့ တက်ရောက်နေကြသည် ။

အဆိုပါအစည်းအဝေးကို ယနေ့မှ စတင်၍ ဖေဖော်ဝါရီ ၂၂ရက်နေ့ အထိ လက်ခံကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် အကျိုးကျေးဇူးများသည့် အစည်းအဝေးတစ်ရပ်ဖြစ်သည်ဟု ပွဲတက်ရောက်နေသူ တပ်မတော်( ရေ )မှ အရာရှိတစ်ဦးက ပြောသည်။

အဆိုပါအခမ်းအနား ဖွင့်ပွဲသို့ ကာကွယ်ရေး ဦးစီးချုပ် ( ရေ )ဗိုလ်ချုပ် သူရသက်ဆွေ အဖွင့်အမှာစကားပြောကြားပြီး ရေတပ်ပင်မ တိုင်းတာရေး တပ်မှူး ဗိုလ်မှူးချုပ် မင်းသိမ်းတင့်၊အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်း ရေကြောင်း တိုင်းတာရေး ကော်မရှင် ဥက္ကဌ အိန္ဒိယနိုင်ငံမှ Vice Admiral Saroj K Jha နှင့်အပြည်ပြည်ဆိုင်ရာ ရေကြောင်းတိုင်းတာရေးအဖွဲ့ ဒါရိုက်တာ Rear Admiral ( Rtd ) K R Srinibasal တို့ လည်းအမှာစကားပြောကြားခဲ့သည်။
Popular Myanmar News Journal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here